Extra

2K 93 22
                                    


တသုန်သုန်တိုက်ခတ်နေတဲ့လေပြေညှင်းကအေးစိမ့်စိမ့်ဖြစ်နေတော့ သူ့ခန္ဓာကိုယ်ကိုပိုပြီးကျုံ့လိုက်တယ်။ပင်လယ်ရနံ့သင်းသင်းနဲ့ ရောင်နီမထွန်းသေးတဲ့ နံနံခင်းအချိန်ခါကအရမ်းကိုပနံတင့်နေတယ်။

ပယ်လင်ရေပြင်အောက်ခြေကနေ တဖြည်းဖြည်း‌ေပါ်လာတဲ့  လိမ္မော်ရောင်နေဝန်းကြီးကို သဲသောင်ပေါ်ထိုင်ချရင်း တစိမ့်စိမ့်ကြည့်နေတယ်။အရမ်းလှပတဲ့ မြင်ကွင်းလေးဘဲ။ရေလှိုင်းတွေကလည်း ဘယ်ညာယိမ်းနေပြီး တခါတရံ ကမ်းစပ်အနားကိုရိုက်ခတ်လာပြန်တယ်။

ဟိုတယ်‌ေဘးကကမ်းခြေကို အနည်းငယ်တော့‌ေလျှာက်ရတယ်။လူအနည်းငယ်သာရှိသေးတဲ့ ကမ်းစပ်အနားမှာ အပြုံးလှလှလေးနဲ့ထိုင်နေတဲ့ အမျိုးသားကို အကွယ်တနေရာကနေ မှတ်တမ်းယူနေတဲ့သူလည်းရှိနေပြန်တယ်။နေမင်းရယ် ၊ပင်လယ်ရယ် ၊အချစ်ရယ် ဘယ်လောက်ပြည့်စုံလိုက်သလဲ

*မအေးဘူးလား......*

*အမလေး...လန့်လိုက်တာ ကိုကိုရယ်....*

*ကိုယ့်ကိုတယောက်ထဲထားခဲ့တယ်ပေါ့လေ...။ဟမ် အဆိုးလေး....*

*မဟုတ်ပါဘူး ကိုကိုရဲ့..။မနေ့ကလည်း ခရီးပန်းလာတာဆိုတော့ မနှိုးရက်လို့ပါ.....*

အလုပ်တွေမရှိတော့ သူတို့အားလပ်သွားကြတယ်။အဝတ်အိတ်တလုံးရယ် ၊ကင်မရာ တလုံးနဲ့ နိုင်ငံအနှံ့ခရီးထွက်ပြီး အမှတ်တရလှလှလေးတွေဖန်တီးဖို့ စီစဉ်ထားတယ်။ပထမဆုံးအနေနဲ့ ဂျောင်ဂု ရောသူပါသိပ်ကြိုက်တဲ့ ပင်လယ်ဘက်ကို ခရီးနှင်ဖို့‌ဆုံးဖြတ်လိုက်တယ်။

ဆိုလ်းကနေ LAကိုညတွင်းချင်းဘဲထွက်လာခဲ့တော့ ခရီးပန်းတာနဲ့ဟိုတယ်ရောက်တော့ ခဏလေးအတွင်းအိပ်ပျော်သွားတယ်။ကြိုတင်ဘိုကင်ယူထားတဲ့အခန်းက ပင်လယ်ဘက်ကိုမျက်နှာမူထားတော့ အခန်းထဲကနေကြည့်လိုက်ရင် တိမ်ပြာပြာနဲ့အတူ ကြည်လင်နေတဲ့ရေကိုပါ တဆက်တည်းတွေ့ရတယ်

ဆိုလ်းကနေ LAကိုညတွင်းချင်းဘဲထွက်လာခဲ့တော့ ခရီးပန်းတာနဲ့ဟိုတယ်ရောက်တော့ ခဏလေးအတွင်းအိပ်ပျော်သွားတယ်။ကြိုတင်ဘိုကင်ယူထားတဲ့အခန်းက ပင်လယ်ဘက်ကိုမျက်နှာမူထားတော့ အခန်းထဲကနေကြည့်လိုက်ရင် တိမ်ပြာပြာနဲ့အတူ ကြည်လင်နေတဲ့ရေကိုပါ တဆက်တည်းတွေ့ရတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
FIRST L♡VE (Completed)Where stories live. Discover now