2

797 104 21
                                    

" ​မျက်နှာ​က ဘာလို့ဆူပုတ်​နေတာလဲ ဒီလို​
တွေ့ရတာ​တောင် ကံ​ကောင်း​နေပြီကို"

ဟာရီရဲ့ အသံတိုးတိုး​လေးက ဂယူဗင်းအတွက်​တော့ ချစ်ချင်စဖွယ်။ ခိုး​ကြောင်ခိုးဝှက်​တွေ့ရတာကို​တော့ မကြိုက်​ပေမဲ့ လည်း ချစ်ရသူက အလိုရှိ​တော့လည်း ဒီ​လောက်​တော့ သည်းခံ​ရုံ​ပေါ့။

"​ကိုယ်မှားတာ အရင်ကများ ဘာလို့ သဲ နဲ့
ရန်ဖြစ်ခဲ့မှန်းမသိ အဲတုန်းက​​တည်းက သဲ
ဘာလုပ်လုပ်သည်းခံခဲ့ရမှာ"

"ဟွန့် အခုမှသိလား"

မ​ကျေနပ်ဟန်ပြတဲ့ ရည်းစား​လေး မျက်နှာသည်
ဂယူဗင်းအတွက်​တော့ အသည်းယားစရာ
အလွန်​ကောင်းသည်။ ရပ်ကွက်ပန်းခြံ​လေးထဲမှာ
ဘေးချင်းကပ်ထိုင်ပြီး စကား​ပြော​နေရတာက
ဂယူဗင်းအတွက် တင်းတိမ်နိုင်ဖွယ်မရှိ။ ချစ်ရသူကို ထိ​တွေ့ချင်သည်။နမ်းရှိုက်ပစ်ချင်သည်။

ဟာရီသည်လည်း သူ့စိတ်ကိုနားလည်​မယ် လို့ထင်သည်။ ပန်း​ရောင်သန်း​​နေ​သော မျက်နှာ​လေးကို ငုံ့ပလိုက်သည်။ဂယူဗင်း၏ အကြည့်​တွေက​နေ ရှောင်ဖယ်ပစ်ဖို့ကြိုးစားသည်။

ဒီလို သရုပ်​ဆောင်နှစ်​ယောက် အတွဲဖက်ညီစွာ
သရုပ်​ဆောင်​နေ​ကျ​သည်က အလွန်လိုက်ဖက်လှသည်။ ချစ်ကြည်နူးစရာ​ကောင်း​နေ​ပေမဲ့
ရစ်ခီ က​တော့ ဘာလို့မှန်းမသိ
မ​ကျေမနပ်​​လေး​တော့ဖြစ်​နေသည်။

"အဲ​လောက် အပိုလုပ်ပြီး သရုပ်​ဆောင်စရာလိုလို့လား"
ဂယူဗင်း၏ မျက်နှာနဲ့ ဟာရီ ရဲ့ မျက်နှာ
ထိကပ်သွားမည့် အချိန်မှာ ရစ်ခီ သရုပ်​ဆောင်ဖို့အချိန်​ရောက်ရှိလာသည်။

"မင်း "
အင်္ကျီစကို ​ဆောင့်ဆွဲကာ ဂယူဗင်း မျက်နှာအား လက်သီးနဲ့ရွယ်သည်။ အထိတ်တလန့်နဲ့ ​
ကြောင်အသွား​သော ဂယူဗင်း၏ သရုပ်​ဆောင်ချက်သည် အလွန်ပီပြင်သည်။

ရစ်ခီ​ မကြိုက်​ပေမဲ့ ​လက်ခံရမှာတစ်ခုရှိသည်
ဂယူဗင်းသည် သရုပ်​ဆောင်သည့် ​နေရာမှာ
တစ်ဖက်ကမ်း​ခတ်​နေ​အောင်တော်သည်။

" မလုပ်နဲ့ "
ဟာရီသည် အလန့်တကြားတားသည်။

​မောင်​​လေးနဲ့ ချစ်ရသူကြားဗျာများ​နေသည့်
မိန်းက​လေးတစ်​ယောက်နဲ့ အလားတူဖြစ်​အောင် ခံစားချက်​တွေကို ပုံ​ဖော်နိုင်သည်။

I think I hate! Where stories live. Discover now