3

997 86 32
                                    

စူးရှတဲ့အလင်း​ရောင် ထိုးကိုက်​နေတဲ့ ​ခေါင်းနဲ့
အတူ စတင်လာတဲ့ ရစ်ခီရဲ့ မအီမသာ မနက်ခင်း။ အရက်​သောက်ရတာ ကြိုက်​ပေမဲ့
အရက်နာကျတာကို​တော့ တကယ်မကြိုက်။

ရစ်ခီ အရက်​​သောက်​​​တာရှားရခြင်းကလည်း
အရက်နာကျသည့်ဒဏ်ကို မခံနိုင်လို့ဖြစ်သည်။

"ဒါ ဘယ်​​နေရာလဲ"

ထထိုင်လိုက်​ပေမဲ့ မဖွင့်​နိုင်​သေးတဲ့ မျက်လုံး​ကြောင့် ရစ်ခီ ကုတင်​ပေါ်တွင် ခဏငုတ်တုတ်ထိုင်မိသည်။
​​ခေါင်းကြည်သွားသည်ဆိုမှ အခန်းတွင်းစူးစမ်း
ကြည့်လိုက်​တော့ မြင်​နေကျမဟုတ်တဲ့ အပြင်ဆင်၊ပရိ​​ဘောဂ။

"ဘယ်​ကို​ရောက်​နေတာလဲ"

အခန်းထဲက​​နေ ထွက်လာလိုက်​တော့ ဘယ်သူမှမရှိတဲ့ ဧည့်ခန်း။ အခန်းထဲပြန်၀င်လိုက်ကာ ​လှည့်ပတ်
ကြည့်လိုက်​တော့ ​​​တွေ့လိုက်ရတဲ့
အိပ်ခန်းတစ်ခန်းစာ​လောက်ရှိတဲ့ အ၀တ်လဲခန်း။
အဝတ်စား​တွေမှရသည့် ခပ်သင်းသင်း​
ယောကျာ်းသုံး​ရေ​မွှေးအနံ့။

အနံ့ခံနိုင်စွမ်း​ကောင်းတာကိုပဲ အပြစ်တင်ရမယ်။

"ဂယူဗင်း အိမ်လား"

ရစ်ခီပတ်၀န်းကျင်တွင် ဒီ​ရေ​မွှေးနံ့သုံးတဲ့သူသည်
ဂယူဗင်းတစ်​ယောက်ပဲရှိသည်။အဲတာ​ကြောင့်
မမှတ်မိချင်လည်း မှတ်မိ​နေတာဖြစ်သည်။

ဘာ​တွေ ဘာလိုဖြစ်ကုန်မှန်းမသိ​ပေမဲ့ ရစ်ခီမမှတ်မိ​ပေမဲ့ တစ်​ယောက်တည်းနိုးလာတာကို​တော့
ရစ်ခီ မ​ကျေနပ်​ပေ။

အမှန်ဆို ဧည့်သည်ကို တစ်​ယောက်တည်းမထားခဲ့
သင့်ဘူးမလား။ ဘာပဲဖြစ်ဖြစ် သူများအိမ်ကိုလာရင် ဧည့်သည်ပဲ​လေ။

ကုတင်​ဘေးက ဖုန်းကိုယူကာကြည့်လိုက်​တော့
ဖွင့်မဖတ်ရ​သေးတဲ့ စာတိုတစ်​​စောင်။

/ မနက်ပိုင်း ရိုက်ကူး​ရေးရှိလို့ ကိုယ် သွားရမယ်။
မီးဖို​ချောင်က စားပွဲ​ပေါ်မှာ မနက်စာ
ထား​​​ပေးခဲ့တယ်။ စားလိုက်ဦး မအီမသာဖြစ်​နေရင် ​သောက်ဖို့ ​ဆေးလည်း ကိုယ် ​ထား​ပေးခဲ့တယ်။ ​နောက်ဆို အရက်​တွေအများကြီးမ​သောက်နဲ့
​သောက်လည်းမ​သောက်နိုင်ဘဲနဲ့/

I think I hate! Where stories live. Discover now