Chapter 3

236 48 5
                                    

|| Unicode ||

အပိုင်း ၃ - ကျန်းမာ၊ ရုပ်ချော၊ ကလေးလဲ မရှိ

စွန်းဝမ့်ချွီအနေနှင့် တောင်ကြိုတောင်ကြားထဲ၌ ၃ နှစ်နေခဲ့ရပြီး မြေတူးသမားများနှင့် ဟင်းပေါင်းအိုးတစ်အိုးတည်း စားခဲ့ရသည့်တိုင် သူ၏အစားအသောက်စံနှုန်းမှာကား လျှော့မသွားခဲ့ပေ။

မာလျန့် သူ့ကို ခေါ်လာသော စားသောက်ဆိုင်ကို သူသဘောမကျ။ အကြောင်းမူကား ဆိုင်းဘုတ်ပေါ်၌ ငရုတ်သီးပုံကြီး ရှိနေခြင်းကြောင့်ပင်။

"ငါ အစပ်မစားဘူး"

စွန်းဝမ့်ချွီက ဆိုသည်။

"မစပ်ပါဘူး။ မင်း... မင်း စားနိုင်ပါတယ်"

မာလျန့်က ‌ပြန်ပြောသည်။

"အဲလောက်ငရုတ်သီးပုံကြီး ဟီးနေအောင် ဆွဲထားတာကို"

စွန်းဝမ့်ချွီက ကားထဲမှ မထွက်ဘဲ ခေါင်းမာမာနှင့် တင်းခံနေ၏။

"တခြားနေရာ မရှိတော့ဘူးလား"

"အိုက်ယား"

မာလျန့်မှာ စိတ်မပါလက်မပါနှင့်ပင် ကားကို ပြန်စက်နှိုးလိုက်ရလေတော့၏။

" တူ... တူ... တူ..."

"မင်းပဲ မြေကြီး(တူ)"

စွန်းဝမ့်ချွီက ပြောလိုက်သည်။

"တူရကီ"

မာလျန်က စတီယာရင်းဘီးကို ဖြန်းခနဲ တစ်ချက် ရိုက်လိုက်၏။

"ဟင်းလျာ! စားမလား"

"စားမယ်"

စွန်းဝမ့်ချွီက ခေါင်းညိတ်သည်။

ဆိုရပါလျှင် ရွှံ့စေးမြေတူးဖော်ရေးဆိုက်မှ အစားအသောက်များမှာ သိပ်တော့မဆိုးလှ။ နေ့တိုင်း အသားနှင့် ဟင်းသီးဟင်းရွက်တို့ပါသည်၊ အသီးအနှံများလည်း ပါသည်။ သို့သော် ထိုအိုးကြီးမှာကား ဟင်းပေါင်းအိုးကြီး ဖြစ်နေရုံလေးသာ။ အရသာကိုတော့ဖြင့် သွားမခံမိလေနှင့်။ အရသာသွားခံမိလိုက်ပါက ဘဝကြီးက မျှော်လင့်ချက်တို့ ကင်းမဲ့သွားသကဲ့သို့ ခံစားသွားရပေလိမ့်မည်။

စားဖိုမှူးက ဟူနန်သားဖြစ်ပြီး ပြီးခဲ့သော ၃ နှစ်တာကာလအတွင်း ဟင်းတိုင်း၌ ငရုတ်သီးပါနေခဲ့သော အချက်ကြောင့်သာမဟုတ်လျှင် စွန်းဝမ့်ချွီသည် ဆိုင်းဘုတ်ပေါ်၌ ငရုတ်သီးကို မြင်လျှင်မြင်ချင်း အတင်းဇွတ်ပုန်ကန်လိမ့်မည် မဟုတ်။

ဖေးလိုင်ဟုန့်ချွမ် || မြန်မာဘာသာပြန် ||Where stories live. Discover now