Chapter 11

162 27 23
                                    

|| Unicode ||

အပိုင်း ၁၁ - ငါ မင်းနဲ့ ဥက္ကဋ္ဌဟွမ် အတွက် ပုံတစ်ပုံဆွဲထားတယ်

“မထိုးဘူး”

စွန်ဝမ့်ချွီက သူ့ကို မော့ကြည့်လာသည်။

“မင်းမျက်လုံးထဲမှာ ငါက မိန်းကလေးတစ်ယောက်ကို ထိုးမဲ့ပုံနဲ့ တူနေလို့လား”

ဖန်းချီသည် စွန်းဝမ့်ချွီကို ကြည့်လိုက်၏။ စွန်းဝမ့်ချွီက ထိုစကားလုံးတို့ကို ပြောလိုက်ချိန်၌ သူ့မျက်နှာထက်ဝယ် အထင်အမြင်သေးဟန်၊ ရယ်သွမ်းသွေးဟန်အပြုံးနှင့်။ ယင်းမှာ အတော်ပင် စိတ်ထဲမချိမခံသာစရာ‌ကောင်းသောာ်ငြားလည်း သူ၏ မပြောင်းမလဲ၊ တစ်သမတ်တည်းသော ဟန်ပန်လည်းဖြစ်ရာ သူက အမှန်အတိုင်းပြောနေသည်ဟု ဖန်းချီကို ခံစားရစေသည်။

စွန်းဝမ့်ချွီသည် အမှန်ပင် ဖန်းယင်နှင့် ရန်မဖြစ်ခဲ့ဖူးပေ။

ဆိုရပါလျှင် ဤအကြိမ်ရေအနည်းငယ်ခန့်တွေ့ဆုံပြီးသည့်နောက် စွန်းဝမ့်ချွီသည် တခြားသူတို့အပေါ် အရမ်းကာရော အကြမ်းဖက်တတ်သောသူတစ်ယောက်နှင့်မတူကြောင်း ဖန်းချီခံစားရသည်။ ထိုးခဲ့သူက မာလျန့်ဆိုလျှင်ပင် ပို၍ယုံကြည်ဖွယ်ကောင်းသေး၏။

“ကျွန်တော်… သိပါပြီ”

ဖန်းချီက ဗလုံး‌ဗထွေးဆိုလျက် မီးဖိုချောင်ထဲသို့ ပြန်လှည့်ဝင်သွားခဲ့သည်။

“သိပြီဆိုတာနဲ့ ပြီးရောလား။ မင်းက ဒီလောက် ထိုးခဲ့၊ ကန်ခဲ့ပြီးတော့ အခုမှ ပြည်ဖုံးကားချလိုက်တော့မလို့လား”

စွန်းဝမ့်ချွီက ဆိုဖာပေါ်မှ လှမ်းအော်သည်။

“ခင်ဗျားကို ကန်တာ အဲဒါကြောင့် မဟုတ်ဘူး”

ဖန်းချီက မီးဖိုခန်းထဲမှ ပြန်ထွက်လာပြီး သူ့ကို ကြည့်လာခဲ့၏။

“ကျွန်တော် ခင်ဗျားကို ဘာလို့ကန်လဲ ခင်ဗျား ကိုယ့်ဘာသာ သိမှာပေါ့။ ခင်ဗျားကို ထိုးတဲ့ကိစ္စကတော့ ခင်ဗျား ပြန်ထိုးလေ”

“ငါ့လက်တွေ နာနေတယ်”

စွန်းဝမ့်ချွီက သူ့လက်ကို ခါလိုက်သည်။ အမှန်ပင်။ သူသည် ယနေ့ အချိန်အတော်ကြာအောင် ကျောက်တောင်တက်ခဲ့သည်။ နောက်ပိုင်း၌ အနည်းငယ် ပိုခက်ခဲလာခဲ့ရာ ယခု သူ့လက်တို့က ညောင်းကိုက်နေကြ၏။

ဖေးလိုင်ဟုန့်ချွမ် || မြန်မာဘာသာပြန် ||Where stories live. Discover now