မူရင်းစာရေးသူ - 리티티
ဘာသာပြန်သူ - Marilee****
အခန်း ၄၅
တစ်နည်းပြောရရင် ဗိုင်အိုလတ် အခုအချိန်အထိ ဘေးကင်းနေတယ်ဆိုတာက သူ ကံကောင်းနေတဲ့အတွက်ကြောင့်မဟုတ်သလို သူ့ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေက လူကောင်းတြွေဖစ်နေလို့လည်း မဟုတ်ဘူးဆိုပါတော့။
နောက်ကွယ်ကနေ တစ်စုံတစ်ယောက်က အခြေအနေကို ထိန်းချုပ်ပေးနေတယ်ဆိုတဲ့ သိသာတဲ့ အကြောင်းရင်းကြောင့်ပါပဲ။ အခုအချိန်အထိ ပြဿနာတစ်စုံတစ်ရာမရှိဘဲ အပြင်မှာ လှည့်ပတ်သွားလာနိုင်တယ်ဆိုတာ အဲ့ဒီတစ်ခုတည်းသော အကြောင်းကြောင့်ပါပဲ။"...ကျွန်မ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားလိုက်ပါဉီးမယ်။"
"စဉ်းစားရုံမစဉ်းစားနဲ့။"
"..."
ဗိုင်အိုလတ်ရဲ့မျက်လုံးတွေ ရိုအန်းဆီ ကျရောက်သွားတော့တယ်။
ဗိုင်အိုလတ်ရဲ့ အဲ့ဒီမျက်ဝန်းတွေနောက်ကွယ်မှာ မကျေနပ်တဲ့အကြည့်တွေ သိသိသာသာ ထင်ထင်ရှားရှားကြီး ပါဝင်နေတာတောင် ရိုအန်းက ဒီအတိုင်း ဘာမှမဖြစ်သလို ပြုံးလိုက်တယ်။
တိုးချဲ့အိမ်တော်မှာပဲ နေရတဲ့အတွက် မွန်းကျပ်ရမယ်ဆိုရင်တောင် ဗိုင်အိုလတ်အတွက် ဒါက မလွှဲမရှောင်သာတဲ့ကိစ္စပါ။"နင် အပြင်ထွက်ချင်တယ်ဆိုရင် တရားဝင်ခွင့်ပြုချက်ရအောင်တောင်းလေ။ အဲ့ဒီလိုမှပဲ နင့်အတွက် ကိုယ်ရံတော်တွေ ပိုပြီးတာဝန်ချပေးလို့ရမှာ။"
"သခင်လေးက အားလုံးကို သိနေတဲ့အတိုင်းကို ပြောနေတော့တာပဲ။"
"ဒါပေမဲ့ ငါ အကုန်သိနေတာပဲမဟုတ်ဘူးလား။"
"လေးစားသမှုနဲ့ပြောရရင် သခင်လေးက စိတ်ပျက်စရာဖြစ်နေပါတယ်။ နဂိုကတင် မုန်းစရာကောင်းလှပြီကို စိတ်ပျက်စရာကောင်းအောင်နေတော့ ပိုဆိုးတာပေါ့။"
YOU ARE READING
ဗီလိန်မလေးရဲ့ စုတ်ချက် [ဘာသာပြန်]
RomanceName - ဗီလိန်မလေးရဲ့ စုတ်ချက် Web Name - Villainess Paints A Picture Author - 리티티 Translator - Marilee Genre(s) - Drama, Fantasy, Romance [You can also read this on StoryGlory website.] We don't own this story. We just translate and respectfully giv...