"ထက်အောင် ဘုရားပွဲကျ အိမ်လာခဲ့ရမယ်နော်"
"အင်းပါ ဘာကျွေးမှာလဲ"
"မင်းကြိုက်တာကျွေးမယ် လာကိုလာရမယ်နော် မနှစ်ကလဲ အလည်ခေါ်တာ မလာဘူး ဒီနှစ်တော့ မင်းအိမ်ထိလာခေါ်မယ်ကွာ"မြို့အနောက်က ရွာစဉ်တလျှောက်နှင့်သက်ဆိုင်သည့်ဘုရားပွဲတော်သို့လွင်မင်းခေါ်လို့သာ လိုက်လာရသည်။ထက်အောင် လူစည်ကားရာနေရာများသို့ သိပ်တော့မသွားချင်...မျက်စိရှုပ်နားရှုပ်ဖြင့် စိတ်ကျဉ်းကျပ်လှသည်။
ပွဲခင်းထဲသို့ရောက်နေတဲ့ ထက်အောင်နဲ့လွင်မင်း ဟိုငေးဒီငေးဖြင့် လမ်းလျှောက်လာကြသည်။
"ထက်အောင်ငါတို့ဇာတ်ကြည့်ကြမယ်နော် "
"အိပ်ရေးပျက်တယ်ကွ မကြည့်ချင်ပါဘူး"
"မရဘူး တဖွဲ့လုံးကြည့်မှာ စတိတ်ရှိုးပြီးရင် ပြန်မှာပဲ ခုလောလောဆယ် အရက်ဆိုင်လိုက်သွားရအောင် ငါ့ကောင်တွေက ရောက်နေလောက်ပြီ""လာ ထိုင်ဟ ငါတို့က ရောက်နေတာ ကြာလှပြီ မင်းက ဘာလုပ်နေတာမို့ နောက်ကျနေတာလဲ"
"ငါ့သူငယ်ချင်းက ပွဲမကြည့်ချင်ဘူးဆိုလို့ ချော့ခေါ်နေတာ အငယ်ကောင်ရ"
ထက်အောင်ဆီ အကြည့်တို့ စုပြုံရောက်လာကာ ခုံနေရာ ရွှေ့ပေး အရက်မှာပေးနဲ့ ဆူညံသွားသည်။"လွင်မင်း ငါ မသောက်ချင်ဘူး မင်းတို့ဘာသာအေးဆေးသောက်ကြပါ"
"လွင်မင်းကမ်းပေးတဲ့ အရက်ခွက်ကို ဘေးဖယ်လိုက်ကာ တဝိုင်းလုံးကို မျက်လုံးဝေ့အကဲခတ်လိုက်သည်။ရှေတည့်တည့်မှ အငယ်ကောင်ဆိုတဲ့ ကောင်လေးရဲ့ လှုပ်ရှားမှု့များက မကြည့်ချင်ပဲ မြင်နေရသည်။အရက်ခွက်ထဲရေရောနေတဲ့ ပုံစံက အရက်ရှိန်တက်စပြုနေမှန်းသိသာနေသည်။
ဒီကောင်လေးက လွင်မင်းတို့အဖွဲ့ထဲမှာ အချောဆုံးအမိုက်ဆုံး မျက်နှာက ဂျစ်ကန်ကန်မျက်နှာပေးနဲ့ အမြဲတင်းမာနေတတ်သည်။လေးငါးခါလောက်ဆုံဖူးပေမဲ့ စကားလည်းတခါမှမပြောဘူးခဲ့ပဲ အလိုလိုနေရင်း ထိုကောင်လေးကို မျက်မုန်းကျိုးနေမိသည်။