ဗူးသီးနုနုမခူးရ

3.3K 13 0
                                    




"ဒီည ကိုတရုတ်ကြီးတ်ို့ အိမ်က ကြက်ခိုးပီး ချက်စားမယ် ဟျောင့်.." ဘိုမင်း ပြောလိုက်တာ "အေး..ဟုတ်တယ်ကွ၊ ဟို လူပျိုကြီး ကိုထွန်းလှ အိမ်က ဘူးသီးခိုးမယ်ကွာ ဘူးသီးနဲ့ ကြက်သားရောချက်စား.. အဟား.ရှယ်ပဲကွာ.ရွှတ်လွှတ်.." လျှာသပ်လိုက်ပီး ဟန်ပါပါ ပြန်ဖြေလာတဲ့ စိုးကြီးစကားကို ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ထောက်ခံလိုက်တဲ့ ဘိုမင်း။ တန်ဆောင်မုန်းလပြည့်ညမို့ ကြက်ခိုးပီး ကာလသားဟင်းချက်စားဖို့ အစီအစဉ်ဆွဲနေတဲ့ ဘိုမင်းနဲ့ စိုးကြီးဆိုတဲ့ ငပေ၂ကောင်။ အသက်ကလည်း ၁၈၊ ၁၉ ရွယ်တူတွေမို့ တစ်ပူးတွဲတွဲပေါင်းသင်းဖြစ်နေတာ။ ညနေ၆နာရီလောက်တည်းက ၂ယောက်သား ဖင်တစ်ကြွကြွနဲ့ ကိုထွန်းလှ အိမ်ရှေ့ပတ်လိုက်၊ ကိုတရုတ်ကြီးတို့ အိမ်ရှေ့ သွားလိုက်နဲ့ အကဲခတ်နေကြတာ။ တန်ဆောင်မုန်းလပြည့်နေ့ဖြစ်လို့ လကြီးကလည်းသာ ကြယ်တွေကလည်းစုံ.. ဟိုဟိုဒီဒီမှာလည်း ပန့်သကူရှာတဲ့သူတွေ၊ သံပုံးရိုက်ဆော့နေကြတဲ့လူစုတွေ၊ ပိုက်ဆံကျဲသူ ပိုက်ဆံကောက်သူ အရွယ်စုံလူကုန် ပျော်နေကြတာ၊ ဘိုမင်းနဲ့ စိုးကြီးတို့လည်း သူတို့အကြံနဲ့သူတို့မို့ ကျိတ်ပျော်လို့ဗျာ။ ၂ယောက်သား ပိုက်ဆံပေါင်းလို့ ဂရမ်းအပြားတစ်ပြားလည်း ဝယ်ထားသေးတော့ ကြက်ကာလသားဟင်းအမြည်နဲ့ ဂရမ်းနဲ့တော့ တွေ့ပီပေါ့ကွာ 😁😂

ည၁၀နာရီလောက် ရောက်တော့ လမ်းပေါ်မှာလူတွေကျဲသွားပီ။ ရပ်ကွက်တစ်ခုလုံးလည်း လရောင်အောက်မှာ တိတ်ဆိတ်စွာ အိပ်မောကြလျက်... သစ်ပင်အမှောင်ရိပ်ခိုပီး ကိုတရုတ်ကြီးတို့ခြံဝင်းထဲခိုးဝင်လာကြတဲ့ ဘိုမင်းနဲ့စိုးကြီး.. ရဲဆေးတင်တဲ့အနေနဲ့ အရက်လေးနည်းနည်းစီလည်း အာစွတ်ထားလိုက်ကြသေးတယ်။ ကြက်ခြံက အိမ်ရဲ့ အနောက်ဖက်မှာမို့ အိမ်မကြီးကို ပတ်လို့ သွားကြမယ်အလုပ် ကိုတရုတ်ကြီးတို့ လင်မယားအခန်းထဲက အသံတစ်ချို့ကြောင့် ၂ယောက်သား အိမ်နောက်ဖေးမသွားသေးပဲ ထရံပေါက်ကနေ ချောင်းကြည့်မိကြတယ်။ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ရှေ့ဆက်မတိုးမိကြလောက်အောင်ဖြစ်သွားကြတယ်၊ အထဲက မြင်ကွင်းက...

အထန်စာများစုစည်းမှုWhere stories live. Discover now