1

1K 74 0
                                    

" ဆေးလိပ်ကို ဒီလောက်ပဲသောက်တော့လို့ "

ဂယူဘင်း အဖေ့ရဲ့ စကားကို လျစ်လျူရှုပြီး
ဆေးလိပ်ပါးစပ်မှာခဲရက်သားနဲ့
အခန်းထဲဝင်လာခဲ့လိုက်တယ်

" ချီးပဲ ... တစ်သက်လုံး စွန့်ပစ်ထားခဲ့ပြီးတော့များ
ခုမှ ... "

လွယ်နေကျလွယ်အိတ်ကို ကပျာကယာ
လွယ်လိုက်ပြီးတော့ ခြေဦးတည့်ရာ ထွက်လာခဲ့တယ်
ခြေဦးတည့်ရာဆိုတာထက်
ဂယူဘင်း လာနေကျနေရာဆို ပိုမှန်လိမ့်မယ်

အဆောက်အအုံပျက်ကြီးတစ်ခု အနီးနားပတ်ဝန်းကျင်မှာ
လူနေရပ်ကွက်တစ်ခုခုလဲမရှိသလို
သုသာန်တစပြင်အလား ခြောက်ကပ်နေတဲ့နေရာ
သူများတွေက ဒီနေရာလို့ကြားလိုက်တာနဲ့
နှာခေါင်းရှုံ့ပြီး သွားဖို့မသင့်တော်တဲ့နေရာလို့
သတ်မှတ်ထားကြပေမဲ့ ဂယူဘင်းအတွက်ကတော့
သက်တောင့်သက်သာလာနေနေကျ နေရာပါပဲ
သူတစ်ယောက်တည်းတော့မဟုတ်ဘူးပေါ့

" မုံမုံ... ငါ့ကို ဒီနေ့လဲ အဖေက စကားလာပြောပြန်ပြီ
ငါ အဲ့လူကြီးနဲ့ မပတ်သတ်ရဖို့ ငါဘယ်လိုလုပ်ရမလဲ "

" အု .. အု "

စွန့်ပစ်ခံရတဲ့ GRခွေးလေးလို့ထင်ရတဲ့
ခွေးပေါက်သေးသေးလေး တစ်ကောင်လဲ
အဲ့နေရာမှာရှိတယ်
နာမည်အသစ်လေး မုံမုံလို့ပေးပြီးတော့ မုံမုံနေဖို့
အိပ်ဖို့ ခွေးအိမ်သေးသေးလေး...
အဲ့အဆောက်အအုံပျက်နေရာနဲ့ မလှမ်းမကမ်းမှာရှိတဲ့
သစ်သားအိမ်အဟောင်းလေးထဲမှာရှိတယ်
ဂယူဘင်းကိုယ်တိုင်လုပ်ပေးထားတာလေးပေါ့

ဂယူဘင်းစိတ်ညစ်တိုင်း ဒီနေရာကိုလာပြီး မုံမုံနဲ့နေတယ်
မုံမုံနဲ့ဆော့နေတဲ့အချိန်ဆို ပုံမှန်မြင်နေကျ
မာမာထန်ထန် ဆေးလိပ်အမြဲခဲနေတဲ့
ဂယူဘင်းမဟုတ်ဘဲ သာမန်ကောင်လေး ဂယူဘင်းပေါ့
ဂယူဘင်းရဲ့ အဲ့လိုပုံစံကို မုံမုံနဲ့ ဂယူဘင်းညီလေးကလွဲပြီး
ဘယ်သူတစ်ဦးတစ်ယောက်မှ မြင်ဖူးမယ်မထင်ဘူး

" မုံမုံ ဒီနားမှာနေရတာ
ညဆိုအများကြီးကြောက်နေမှာပဲ "

" အု ... အူ အု အု ... "

" ငါမင်းကို ခေါ်ထားချင်တယ် မုံမုံ
ဒါပေမဲ့ ငါ့ကိုခဏတော့စောင့်ပေးမလား
ငါအိမ်က ထွက်လာလို့ ငါ့ညီလေးနဲ့ငါနေတဲ့အခါကျ
မုံမုံ့ကိုလဲ ခေါ်ထားမယ်လေ ... နော် "

You don't love me, right?Tempat cerita menjadi hidup. Temukan sekarang