3

438 43 0
                                    

အရမ်းဆူညံပြီး တစ်ယောက်စကားသံတစ်ယောက်
မကြားရတော့တဲ့ထိ ကလပ်ထဲမှာ လူတွေရှုပ်နေခဲ့တယ် ဂယူဘင်း သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ပါတီအတွက်
အထက်တန်းကျောင်းက သူငယ်ချင်းတွေအကုန်စုပြီး
ရှိနေကြတာ
ဆေးလိပ်ကိုပဲ တခဲနက်နက်ရှိုက်နေတဲ့ ဂယူဘင်းနားကို
ကောင်မလေးတစ်ယောက်လဲ ရောက်လာခဲ့တယ်
အတန်းထဲက သူငယ်ချင်းတစ်ယောက်လို့တော့
ထင်တာပါပဲ
သူက ဂယူဘင်းကို တရင်းတနှီးနှုတ်ဆက်နေတာ

" မတွေ့ရတာကြာတော့ နင်အရမ်းပြောင်းလဲသွားတာပဲ ဂယူ "

" နင်ဘယ်သူလဲ ငါမမှတ်မိတာတော့ စိတ်မရှိပါနဲ့ "

" မမှတ်မိတာပဲကောင်းပါတယ်
ဆက်ဆံရေးအသစ်အနေနဲ့စတာပေါ့ "

" ဂျွန်ဂယောင်းဆီ ခဏသွားအုံးမယ် ငါ့ကိုခွင့်ပြုအုံး "

ဂယူဘင်းထသွားတာနဲ့ အဲ့မိန်းကလေးက
ဂယူဘင်းလက်ကို လှမ်းဆွဲပြီး
ဘယ်ကိုမှထွက်မသွားဖို့ပြောတယ်

" ငါ့ကိုအဲ့လိုတွေလာမလုပ်နဲ့နော်
ငါ့လက်ထဲက ဆေးလိပ်မီး နင့်မျက်နှာပေါ်ကျသွားမယ်
နင့်ရည်းစားဆီပဲ နင်သွားလိုက် "

ဂယူဘင်းစိတ်တိုတိုနဲ့ ထွက်လာခဲ့လိုက်ပြီး
ကလပ်အပြင်မှာပဲ ဆေးလိပ်တစ်ဘူးကုန်တဲ့ထိ
နေနေလိုက်တယ် ကုန်သွားတော့
အရက်သောက်ဖို့အတွက် ပြန်ဝင်လာပြီး
လူရှင်းတဲ့တစ်ခုံမှာထိုင်နေလိုက်တယ်

" vodkaပါတာအပြင်းဆုံးတစ်ခုစပ်ပေး ညီလေး "

" ခုနကလည်း သောက်သေးတယ်မလားအကို
ဒီတိုင်း ရိုးရိုးပဲပေးရမလား "

" ရတယ် အကိုဒီနေ့ သောက်လိုက်ချင်လို့ "

bar counterက ညီလေးလဲ ဂယူဘင်းအမှာအတိုင်း
လုပ်ပေးပြီးတော့ ဒီအကိုဘယ်တော့မှောက်မလဲဆိုတာကို
လက်ချိုးရေနေလိုက်တယ်
လက်ငါးချောင်းတောင် မပြည့်သေးပါဘူး
ဂယူဘင်းခေါင်းငိုက်စိုက်ကျနေပြီ

" ကျွန်တော့် သူငယ်ချင်းပါ ခေါ်သွားလိုက်ပါ့မယ် "

ကောင်လေးတစ်ယောက်ရောက်လာပြီး ဂယူဘင်းကို
တွဲခေါ်သွားခဲ့တယ် သူတို့ဝိုင်းမှာပဲ ထိုင်ခိုင်းထားလိုက်ပြီး
ဂယူဘင်းနိုးတဲ့ထိ စောင့်နေလိုက်ကြတယ်

You don't love me, right?Tahanan ng mga kuwento. Tumuklas ngayon