Chapter 14

1.4K 82 24
                                    




ကော်ဖီဆိုင်အတွင်း ထောင့်ကျကျနေရာ၌ လရိပ်ယောင်နှင့် ဆရာမကြီးတို့ မျက်နှာချင်းဆိုင်လျက် ထိုင်နေကြသည်။

အမျိုးသမီးနှစ်ယောက်တွင် တစ်ဦး ခက်ထန်နေပြီး တစ်ဦးကတော့ ခေါင်းမဖော်ရဲ။ မှာထားတဲ့ ကော်ဖီနှစ်ခွက်ကို စားပွဲထိုးမှ လာချပေးပြီးသည်အထိ စားပွဲဝိုင်းလေးက တိတ်ဆိတ်နေမြဲ။ ကော်ဖီခွက်လေးများကိုလည်း အာရုံစိုက်မည့်သူကင်းမဲ့လျက်။

အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက်မှ ဆရာမကြီးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"မင်းမှာ အရှက်တရားတို့ သိက္ခာတို့မရှိတော့ဘူးလား"

လရိပ်ယောင်ရဲ့ မျက်ဝန်းလေးတို့ ပိုမိုမှိုင်းညို့သွားသော်ငြား နှုတ်ခမ်းလေးကတော့ ယောင်ယောင်လေး ကွေးညွတ်လျက်။

မြင်လိုက်ရသည်နှင့် ထွေးပွေ့ချင်စဖွယ်၊ နှစ်သိမ့်ချင်စဖွယ် မျက်နှာလေးကိုမြင်တော့ ဆရာမကြီးမှာ ရင်ထဲ အော်ဂလီဆန်လာသလို ခံစားလိုက်ရသည်။ သူ့ရင်ထဲက မသတီမှုတို့ကို နှစ်သိမ့်ရန်အလို့ငှာ ကော်ဖီခွက်ကို ပထမအကြိမ် ထိတွေ့လိုက်ရသည်။

လရိပ်ယောင်ကတော့ ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်ရဲ့ အတွေးကို နားလည်စွာဖြင့် အပြစ်မမြင်ခဲ့။ သူမရဲ့ ရင်ထဲက အဖြေကိုသာ အတိအကျ ပြန်ပေးလိုက်သည်။

"ကျွန်မမှာ အရှက်တရားရှိလား မရှိလား ကျွန်မ မသိတော့တာ ကြာပါပြီ။ သိက္ခာဆိုရင်တော့ ကျွန်မမှာလည်း မိန်းမတစ်ယောက်နဲ့ထိုက်တန်တဲ့ သိက္ခာတော့ရှိပါတယ်"

အဖြေစကားကို ကြားတော့ ဆရာမကြီးမှာ မျက်လုံးတွေတောင် ပြူးကျယ်သွားရသည်။ ထို့နောက်တွင်တော့ သူမက နှုတ်ခမ်းမဲ့ကာ စက်ဆုပ်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်သည်။

"သူများ အိမ်ထောင်ရေးကို ပျက်စီးစေခဲ့တဲ့ မင်းလို မိန်းမက ဒီစကားကို ဘယ်လိုများ ပြောရဲရတာလဲ"

ဒီတစ်ကြိမ်တွင်တော့ အံ့ဩခြင်းများဖြင့် ငေးကြောင်ကြည့်နေမိတာက လရိပ်ယောင်သာ ဖြစ်တော့သည်။

ရောင်နီသာခဲ့လျှင်Where stories live. Discover now