Extra1 မိဘများနှင့်တွေ့ဆုံခြင်း(Zawgyi)

234 7 0
                                    


1

တာအိုကျင့်ကြံသူ က မြေခွေးနတ်ဆိုးလေးကို သူ့ဂိုဏ်းဆီ ပြန်ခေါ်သွားခဲ့သည်။

သူ့ဆရာကို တွေ့ဖို့ အကြောင်းမကြားပဲ မြေခွေးလေးကို တိုက်ရိုက်ခေါ်သွားသည်။

မြေခွေးနတ်ဆိုးလေးသည် စကားမပြောနိုင်လောက်အောင် ကြောက်ရွံ့နေ၏။

ဆရာကြီးသည် ချောမောလှပသော ဦးလေးတစ်ဦးဖြစ်ပြီး သူနှင့် ပေါင်းသင်းရန် အလွန်လွယ်ကူပုံရသည်။

ဆရာကြီးက အနည်းငယ် ပြုံးပြလိုက်ပြီး "ငယ်ငယ်ကတည်းက မင်းမှာ ကိုယ်ပိုင် စိတ်ကူးတွေ ရှိခဲ့တယ်။ မင်းသူ့ကိုကြိုက်နေသရွေ့ ငါကန့်ကွက်စရာမရှိပါဘူး။ နောက်ပြီး..."

"မင်းပြန်လာတဲ့ ဒီတစ်ခါ နောက်ဆုံးတော့ မင်းရဲ့ အသက်ရှင်နေထိုင်မူပုံစံက အသက်ဝင်မှုကို ငါခံစားလိုက်ရတယ်"

2

ဆရာကြီးက မြေခွေးနတ်ဆိုးလေးကို ခဏလောက်နေဖို့ ပြောခဲ့သည်။

မြေခွေးနတ်ဆိုးလေးက လူ့လက်တွေကို လိမ်ယှက်နေသည်မှာ ကောက်ကွေးလုနီးပါးပင်။

ဆရာကြီးက လက်ဖက်ရည်တစ်ခွက် ငှဲ့ကာ မြေခွေးနတ်ဆိုးလေးကို ကမ်းပေးလိုက်သည်။

မြေခွေးလေးနတ်ဆိုးလေးက ဂရုတစိုက်လက်ခံပြီး အနည်းငယ် တစ်ကျိုက်သောက်လိုက်ပြီး ထို့နောက် ခွက်ကို တလေးတစားနှင့် သေသေချာချာ ပြန်ချလိုက်သည်။

ဆရာကြီးက ညင်သာစွာရယ်မောလိုက်သည်။

"နောက်ဆုံးတော့ အားယွမ်က မင်းကို ဘာလို့ အရမ်းကြိုက်လဲဆိုတာ ငါသိသွားပြီ"

နာခံမှုရှိပြီး နူးညံ့ကာ လှပလေတယ်။

မြေခွေးလေးသည် မေးခွန်းများဖြင့် ပြည့်နေသော မျက်လုံးများဖြင့် ဆရာကြီးကို ကြည့်လာခဲ့သည်။

ထိုဖီးနစ်မျက်လုံးများတွင် မည်သို့သောအမူအရာမျိုး ပေါ်လာပါစေ ၎င်းသည် အမြဲတမ်း ဆွဲဆောင်မှုရှိသောပုံပေါက်နေလေသည်။

ဆရာကြီးက ငုံ့ကြည့်ကာ ပြောလိုက်သည်။

"အားယွမ် ရဲ့ အတိတ်အကြောင်း ပုံပြင်တချို့ ကြားချင်သလား။"

အမြှီးနှစ်ချောင်း မြေခွေးနတ်ဆိုးလေးနှင့် သူ၏ တာအို ကျင့်ကြံသူ ကုံးWhere stories live. Discover now