Extra 2: အခမ်းအနား။(Unicode)

592 57 0
                                    

1

မြေခွေးနတ်ဆိုးလေးကို ဝန်းရံထားသော တပည့်ညီအစ်ကိုများအားလုံးသည်တာအိုကျင့်ကြံသူ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရပြီးနောက် တာအိုကျင့်ကြံသူနှင့် မြေခွေးနတ်ဆိုးလေးတို့ကြား အခမ်းအနားကျင်းပရန် အော်ဟစ်ပြေးလွှားသွားကြသည်။

တောက်လက်တွဲဖော် တင်မြှောက်ခြင်း အခမ်းအနား ဖြစ်သော်လည်း စာချုပ်မှာ လက်မှတ် ရေးထိုးပြီးပြီဖြစ်သောကြောင့် သူတို့ လုပ်ရမှာကကျင့်ကြံခြင်း လောကမှာ ထင်ရှားတဲ့ လူတွေကို ဖိတ်ဖို့ပါပဲ။

အခမ်းအနားအပြီးတွင် မြေခွေးနတ်ဆိုးလေးသည် အလွယ်တကူ ထပ်မံအနိုင်ကျင့်ခံရနိုင်သည်ဟု မည်သူမျှ တွေးထင်မည်မဟုတ်ပေ။

အိမ်ထောင်ပြုခြင်းကလဲကောင်းမွန်တဲ့ စွမ်းအားကိုရစေတာပဲလေ.......

2

တာအိုကျင့်ကြံသူ ၏ မိဘများသည် တိမ်များကိုဖြတ်ပြီးခရီးသွားနေပြီး နောက်ဆုံးတွင် ၎င်းတို့၏ ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့သည်။

အင်း၊ သူတို့အကြီးဆုံးရဲ့သား တောက်လက်တွဲဖော်ရတဲ့ သတင်းက တကယ်ပဲ တခြားသူရဲ့ပါးစပ်ကနေ ထွက်လာတာပဲ။

သူတို့၏သားအငယ်ဆုံးမှာ ငယ်စဉ်ကလေးဘဝကတည်းက လူတစ်ဦးကို မြင်မြင်ချင်းချစ်မိခဲ့သော လူယုတ်မာလေးတစ်ဦးဖြစ်ပြီး သားကြီးသည် မွေးကတည်းက ဤမိဘနှစ်ပါးနှင့် မရင်းနှီးချင်ခဲ့ပေ။ အဲဒါကို တွေးကြည့်ရင် သူတို့ရဲ့ နှလုံးသားကို ခါးသီးစေလေသည်။

သူတို့၏သားအကြီးဆုံးသည် သားအငယ်ထက် အနှစ်နှစ်ဆယ်လောက် တောက်လက်တွဲဖော်ရရန်နောက်ကျသော်လည်း ကျင့်ကြံခြင်းလောကတွင် ၄၅ နှစ်သည် အလွန်ငယ်သေးသည်။

သူ့ဆရာကိုပဲကြည့်၊ သူ့အသက်အရွယ်မှာ လူပျိုဖြစ်နေတုန်းပဲ။

သူတို့သားအကြီးဆုံးက ငယ်ငယ်ကတည်းက သူတို့နဲ့ မရင်းနှီးချင်ဘူး၊ သူကအရမ်းတိတ်ဆိတ်နေပြီး အခုတော့ စကားတစ်ခွန်းမှ မပြောဘဲတောက်လက်တွဲဖော်ကို ရုတ်တရက်ရှာတွေ့သွားတယ်။

ဖိတ်ကြးချက်သည် ဝိညာဏသားရဲမှတစ်ဆင့် လာတာကတော့ နှမြောစရာပင် သို့မဟုတ်ပါက တာအိုကျင့်ကြံသူ၏မိခင်နှင့် ဖခင်တို့သည် ၎င်းတို့၏သားအကြီးဆုံးဇနီးအကြောင်း တစ်စုံတစ်ဦးနှင့် စကားပြောဆိုရန် နှစ်သက်ကြမည်ဖြစ်သည်။

အမြှီးနှစ်ချောင်း မြေခွေးနတ်ဆိုးလေးနှင့် သူ၏ တာအို ကျင့်ကြံသူ ကုံးWhere stories live. Discover now