Chapter 27

1.5K 304 8
                                    

Unicode

  

ကုယွမ်းထင်သည် ဖုန်းကိုကိုင်ထားရင်း အချိန်အတော်ကြာအောင် မလှုပ်မယှက်ရပ်နေမိ၏။

ခဏကြာတော့ သူ စူးယိရန်နှင့်ပြောထားသည့် chat box ကိုပြန်ဖွင့်လိုက်သည်။ နောက်ဆုံးပြောထားသောအတိုင်း ရှိနေဆဲပင်။

[တနင်္လာနေ့ ၆ နာရီ၂၃မိနစ် ]

[သူ] : အင်း

[ကိုယ့်ရဲ့ရန်ရန်] : ဒီမှာခု ည၁၂နာရီထိုးနေပြီ။ကျွန်တော်အိပ်ချင်နေပြီ။ အိပ်တော့မယ်။ ခင်ဗျားလည်းစောစောနားနော်။ ကောင်းသောညပါ။

[မျက်နှာကိုပွတ်သပ်ကာ ပွေ့ဖက်ပြနေသော ယုန်လေး အီမိုဂျီ]

သူ စာပြန်ထားတာ မရှိခဲ့။

ထို့နောက်မှာတော့ စာအသစ်တွေ မရှိတော့ချေ။

ယနေ့နှင့် မနေ့ညသည် အတူတူပင်ဖြစ်၏။ Dနိုင်ငံတွင် မနက်တစ်နာရီကျော်သာရှိသေးပြီး ပြည်တွင်းတွင် ခုနစ်နာရီသာရှိသေး၍ စူးယိရန် မနိုးလောက်သေး။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲပင် ဖြစ်လိမ့်မည်။ ဆိုတော့ သူ့အား သည်အချိန်မှာ မက်ဆေ့ပို့ဦးမည်မဟုတ်ပေ။

 ကုယွမ်းထင် စဥ်းစားရင်း ဖုန်းစခရင်ကိုကြည့်ကာ ဖြည်းညှင်းစွာထိုင်ချလိုက်သည်။

သူ၏လက်မက chat box ပေါ်တွင် ခေတ္တရပ်နေပြီးမှ ဖိနှိပ်လိုက်သည်။ ခဏမျှတန့်နေပြီးမှ စကားလုံးအချို့ကိုရိုက်ထည့်လိုက်၏။

 စာရိုက်လိုက်၊ ဖျက်လိုက်၊ စာထပ်ရိုက်လိုက် ဖျက်လိုက်ဖြင့် စာတိုလေးတစ်ကြောင်းအားထပ်ခါတလဲလဲ ဖျက်ပြီးပြင်နေသည်မှာ  နာရီဝက်ကြာနေပြီဖြစ်သည်။

လက်မက send ဟူသောခလုတ်ပေါ်မှာ တန့်နေပြီးမှ အချိန်ကိုကြည့်လိုက်ကာ ပြည်တွင်းတွင် နံနက်ရှစ်နာရီထိုးသည်အထိစောင့်ပြီးမှ Send ခလုတ်ကို နှိပ်လိုက်လေသည်။

 [သူ] : ရန်ရန်..မောနင်း..

မင်းစိတ်ဆိုးနေလား။  မနေ့က မင်းရဲ့မက်ဆေ့ကို တမင်စာမပြန်ခဲ့တာမဟုတ်ပါဘူး။ ကိုယ်အလုပ် တအားရှုပ်ပြီး မေ့သွားလို့။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now