It never changes⚡︎

1.9K 151 131
                                    

We can be comfortable agains

*fic ကို fic လို့ပဲမြင်ပေးပါ fic က fic ပါ။ Idol type ရေးထားလို့ အပြင်ကတချို့ moment တွေဆက်စပ်လို့ဆိုပြီး တချို့နေရာတွေ(ဥပမာ-ent ကိစ္စမျိုး)ကို လက်တွေ့ဘဝနဲ့သွားမရောပါနဲ့နော်။ Kim Taehyung ရော Jeon Jungkook ကိုရော အမှုန်အမွှားလေးတောင်အထိခိုက်မခံနိုင်တဲ့သူဖြစ်လို့ ထိခိုက်ချင်စိတ်နည်းနည်းမှမရှိပါဘူး။*

-Unicode-

"ကိုကိုကဒါလေးတောင် မလိုက်လျောပေးနိုင်ဘူးမလား.!"

စိတ်တိုနေတဲ့အသံစူးစူးက ဖုန်းထဲကနေတစ်ဆင့်နားထဲတိုးဝင်လာတဲ့အခါ ဝရံတာ၌ထွက်ကာဆေးလိပ်ဖွာနေတဲ့ ကမ္ဘာတစ်ဝှမ်းမှာသျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ အဆိုတော်ရဲ့အခန့်ညားဆုံး လေးထောင့်ဆန်ဆန်အပြုံးသဲ့သဲ့က မှောင်ရိပ်ခိုကာထွက်လာသည်။ တစ်ဖတ်သူမြင်ရင် *လှောင်ပြောင်နေတာလားသရော်နေတာပေါ့* ဆိုတဲ့စွဲချက်တွေနဲ့ ရွှေစိတ်တော်ကောက်ချိတ်ဦးမှာမလွှဲမသာ။ အပြုံးတင်စွဲမက်စရာကောင်းတာမဟုတ် ထွက်လာတဲ့ရှသသခပ်ဩဩနဲ့ ချော့ယူနေသောလေညင်းညင်းသာပါတဲ့အသံဟာလည်း ချက်ချင်းဒူးထောက်ခစားပစ်လိုက်ချင်တဲ့အထိ။

"မဟုတ်ဘူးလေကွာ။ ကိုယ်မလိုက်လျောပေးချင်လို့မှမဟုတ်တာ..အရင်ကကိစ္စတောင် ကိုယ်တို့ကို ent ကကြည်ဖြူသေးတာမဟုတ်သေးလေ kookie "

"အော် အော်..Mr Kim Taehyung တို့ သူ့အပေါ်အချိုးမပြေတဲ့ ent ကိုစောက်ဂရုစိုက်တဲ့အချိန်ရှိသေးတာပဲ"

ရွဲ့လာတာ။ ဆေးလိပ်မီးသတ်ပြီးသက်ပြင်းချရုံသာ။ ပြောနေတာတွေကကိုယ့်အတွက်မဟုတ် သူ့အတွက်ချည်း။ ent လက်အောက်က Artist အမည်ခံသာရှိပြီး ent ကိုအမှီပြုရပ်တည်နေတော့တဲ့ကောင်မဟုတ်လို့ ထင်ရာစိုင်းပစ်လိုက်လို့ရပေမဲ့ ent နဲ့အဆင်ပြေတဲ့ဆက်ဆံရေးရှိနေတဲ့ Kookie ကတော့မဖြစ်ဘူး။

"ကျစ်..ရှေ့လဆိုရင်ပဲ မင်းရဲ့ပထမဆုံး Album လာတော့မှာ။ ဒီအချိန်ကသေးသေးလေးတောင် အတိမ်းအစောင်းခံလို့မရတာ မင်းသိရက်သားနဲ့ကွာ"

"Live အတူတူလွှင့်တာအဲ့လောက်ထိဖြစ်မယ်လို့ ဘယ်လိုတောင်တွေးနေတာလဲ..!"

You've reached the end of published parts.

⏰ Last updated: Nov 03, 2023 ⏰

Add this story to your Library to get notified about new parts!

Vkook Short Stories/CollectionWhere stories live. Discover now