Part~8

1.7K 21 0
                                    

''ခြေထောက်တွေလဲနာနေပြီ အဟင်း ဘာလုပ်ရမှန်းမသိ"

''ခဏထိုင်လိုက်ရင်ကောင်းမယ် ည‌လဲမိုးချုပ်နေပြီဆိုတော့ ဟူး"

ထိုအချိန်တွင်ခပ်လှမ်းလှမ်းမှအမေအိုတစ်ယောက်နှင့်ကောင်လေးတစ်ယောက်အသက်ကတော့ နွယ့်ထက်အသက်3နှစ်လောက်ဘဲကြီးမဲ့ဟန်ပေါ်သည်။

''ဒီမှာညီမ ဒီအချိန်ကြီးဒီနားမှာဘာလုပ်နေတာလဲ"

''အမ် ဟိုလေ ညီမဒီမှာခဏ‌နားနေတာပါအကို"

''ဒီလိုနေလို့ရမလားသမီးရဲ့ လာပါအမေကြီးတို့နဲ့လိုက်ခဲ့ပါလားသမီးလေး"

''ရပါတယ်အမေကြီးရယ် နွယ်အဆင်ပြေပါတယ်"

''လိုက်ခဲ့လိုက်ပါညီမ အကိုတို့အိမ်မှာကမိန်းကလေးတွေကြီးဘဲအကို့ ညီမလေးတွေဆို ညီမထက်ငယ်မယ် နေရအဆင်ပြေမှာပါ ညီမ‌ကိုကြည့်ရတာအိမ်ပေါ်ကနေဆင်းလာခဲ့ပုံဘဲ"

''ဟုတ် ညီမကိုအလုပ်တစ်ခုလောက်ရှာပေးမယ်ဆိုရင်တော့နေချင်ပါတယ် ဘာလို့လဲဆိုတော့ အကိုတို့အိမ်သုံးစရိတ်လေးဖြစ်ဖြစ် ပြန်ပြီးပေးချင်လို့ပါ"

''ရတာပေါ့ အကိုတို့အခုအသီးနှံဆိုင်လေးအသစ်‌ဖွင့်ထားတာ အခုသိမ်းပြီးပြန်လာတာ အဆင်ပြေမယ်ဆိုအဲ့မှာအလုပ်ဆင်းလုပ်ပေါ့ လစာလဲပေးမယ်"

''တကယ်လား ကျေးဇူးတင်လိုက်တာဒါနဲ့အကို့နာမည်က"

''မြေးလေးနာမည်က ခွန်းသ တဲ့ ဒီကမြေးမလေးနာမည်ကကော်"

''ထိပ်ထားနွယ်ပါ အမေကြီး"

''မင်းနာမည်လှတယ်"

''ကျေးဇူးပါ ကိုခွန်းသ နာမည်လဲလှပါတယ်"

''ကဲလာမြေးလေးတို့ အိမ်မှာကလေးတွေစောင့်နေကြပြီ"

''ဟုတ်မေကြီး"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

''hello ဦးတည်တံ့ ခများသမီးပြန်ရောက်လာပြီလား"

''ဟေ ငါ့သမီးကမင်းဆီမှာလေ ဆက်အာဏာရဲ့ လာနောက်နေတာလားကွ"

''ဘာဗျ ဒါဆို နွယ်ကအဲ့မရောက်လာဘူးပေါ့"

''အေးလေ မင်းနောက်မနေနဲ့ ငါဒီမှာ ဖဲရိုက်နေလို့ဖုန်းချပြီ"

𝐀 𝐌𝐨𝐧𝐞 𝐂𝐡𝐨 𝐂𝐡𝐨 - အမုန်းချိုချိုNơi câu chuyện tồn tại. Hãy khám phá bây giờ