Part~10 (Warning ⚠️)

4.9K 19 0
                                    

''တော်ပါတော့ကိုကို တော်ကြာနေ အသွင့်ကြောင့်ရိုက်ခံရတယ်ဆိုပြီး အသွင့်ကိုအပြစ်တင်နေပါအုန်းမယ် အသွင်ကြောက်တယ်အဲ့ကောင်မလေးကို"

''လာပါအသွင် မကြောက်နဲ့ကိုရှိတယ် "

''မင်းမျက်ရည်စမ်းစမ်းလုပ်မနေနဲ့ သွားအခန်းသွားရှင်းထား"

''ဟင့် ဟုတ်"

~~~~~~~~~~~~~~~~~~~~~~~~~
ညနေခင်းတွင် ထမင်းချက်အဒေါ်ကြီးမှ
''မမလေးနွယ့် အိမ်ရှေ့မှာဧည့်သည်ရောက်နေတယ်"

''ဟုတ်ဒေါ်ကြီး ဖေဖေလားရှင့်"

''မဟုတ်ဘူး ခွန်းသလို့တော့ပြောတယ်ရှင့်မ‌မလေး"

''အယ်ဟုတ်သား အမေကြီးနဲ့ကိုခွန်းသစိတ်ပူနေလောက်ရော်ပေါ့"

''နွယ်အခုထွက်တွေ့လိုက်ပါမယ်နော်"

နွယ်ချက်ချင်းအပြေးသွားတာမြင်တော့ ဆက်အာဏာစိတ်ထဲတစ်ခုခုထူးခြားဟန်

''အဒေါ်ကြီး နွယ်ကဘယ်သွားတာလဲ ဘယ်သူလာလို့လဲ ကျွန်တော့ကိုမပြောဘဲ သူ့ကိုတိုက်ရိုက်ပြောဖို့အဲ့လောက်အရေးကြီးနေတာလား"

''မဟုတ်ပါဘူးသခင်လေး အရေးကြီးမယ်ထင်လို့ပြောမိတာပါ"

''ဘယ်သူလာတာလဲအဲ့ဒါ"

''ခွန်းသဆိုတဲ့လူငယ်လေးပါသခင်လေး"

''လူငယ်လေး?"

''ရပြီသွားတော့အဒေါ်ကြီး"

~~~~~~~~~~~~~~~~~~~~~~~~~~~~~'

''ဟာ အကို"

''နွယ်! နွယ့်ကိုခေါ်သွားတယ်ဆိုလို့စုံစမ်းရင်းကနေဒီကိုရောက်လာတာနွယ်ရဲ့"

''ဟုတ်တယ်ခေါ်သွားတာကလူဆိုးတွေပါအကို ဒါပေမယ့်နွယ့် ယောင်္ကျားကပြန်ကယ်လိုက်လို့"

''နွယ့်ယောင်္ကျား?"

''အေးဟုတ်တယ် မင်းကအံ့ဩသွားတာလား"

''ဦး ဒါက နွယ့်အိမ်ကဆင်းသွားတုန်းက ဒီအကိုတို့အိမ်မှာနေရတာ ဒါပေမယ့် 1ရက်ပါဘဲ မနက်ကြပြဿနာတွေဖြစ်ကုန်‌တာ"

''တွေ့ရတာ၀မ်းသာပါတယ်"
နွယ့်ခါးကိုတင်းကြပ်စွာဖက်လျက် နှုတ်ဆက်လိုက်ပုံကသ၀န်တိုဟန်အပြည့်ဖြစ်နေသည်။

𝐀 𝐌𝐨𝐧𝐞 𝐂𝐡𝐨 𝐂𝐡𝐨 - အမုန်းချိုချိုWhere stories live. Discover now