အပိုင်း(3)U/Z

3.2K 139 6
                                    

" မေဝါ "

" သားရောက်လာပြီးလား "

"ဟုတ် "

"သားခဏထိုင်စောင့်နေအုံး "

အခါမေဝါကိုခေါင်းညိတ်ပြ၍ ခုံမှာဝင်ထိုင်လိုက်သည်။ အခါ မေဝါဆီကမုန့်ဖိုးလိုချင်တာထက် စိတ်ကောက်နေသူအား လာရှာတာဖြစ်သည်။ ရှိုင်းကို သူလိုချင်တာကို ချက်ခြင်းဝယ်ပေး၍ ချော့သောလည်း စိတ်ကောက်မပြေတာကြောင့် ဆိုင်ထိရောက်လာရသည်။

အခါ ဆိုင်ပတ်ပတ်လည်ကို ခေါင်းလှည့်၍ ရှိုင်းကိုရှာကြည့်သည်။ သို့သော် ရှိုင်း၏ အရိပ်အယောင်ကိုမတွေ့ပါ။ အခါ စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။ ဆိုင်ကိုလိုက်မလာတာမဖြစ်နိုင်ပါ ။ မေဝါကိုကြည့်လိုက်သောအချိန် ဧည့်သည်တွေနဲ့စကားပြောနေတာကြောင့် အခါ ငြိမ်ငြိမ်လေးပြန်ထိုင်နေလိုက်သည်။

" ကိုကြီးအခါ "

"အွန်း "

ဆိုင်ဝန်းထမ်းတစ်ယောက်က အခါကိုခေါ်လာတာကြောင့်ထူးလိုက်သည် ။ အခါကအမြဲလာနေကြဖြစ်တာကြောင့် အကုန်လုံးကသိနေကြတာဖြစ်သည်။

" ကိုကြီးအခါဘာသောက်မလည်း ညီမလေးတို့ ဖျော်ရည်သွားဝယ်မလို့ "

" အေးပင်မှည့်ဖျော်ရည်လေးဝယ်ခဲ့ပေးငါကို ပြီးတော့ မေဝါတွက် သံပုရာရည်လေးဝယ်ခဲ့လိုက် သကြားလျှော့ထည့်ခိုင်း မေဝါမှာက ဆီးချိုရှိတယ် "

" ဟုတ် "

"ဒါနဲ့ ငါမေးစရာရှိတယ် ရှိုင်းကဆိုင်လိုက်မလားဘူးလား "

"လိုက်လာတယ် ခုဏက ကောင်မလေးတစ်ယောက်လာခေါ်သွားတာ "

" ဘာ ဘယ်သူလာခေါ်တာလည်း ဒါဒါ လာခေါ်တာလား "

"မမဒါဒါမဟုတ်ဘူး မမဒါဒါဆိုသမီးသိတယ်လေ "

"အေးရပြီးသွားဝယ်တော့ "

အခါ ထိုင်တွေးနေမိသည် ရှိုင်းကိုဘယ်သူလာခေါ်သွားတာလည်း အခါတို့မှာ မိန်းကလေးသူငယ်ချင်းဆိုလို့ ဒါဒါတစ်ယောက်သာရှိသည်။ ဒါဒါလည်းမဟုတ်ဘူးဆိုတော့ ဘယ်သူလည်း

" သား "

"မေဝါပြီးသွားပြီလား "

"ဟုတ်တယ် သားစောင့်ရတာကြာသွားပြီးလား "

Friend  But   Husband (Ongoing)Where stories live. Discover now