အပိုင်း(6)U/Z

4.7K 157 7
                                    

နာရီကိုကြည့်၍  ရှိုင်း ကျိန်ဆဲနေမိသည်။ 9 နာရီ PM ကို ပြနေသောကြောင့်  စိတ်ပူတာတစ်မျိုးဒေါသထွက်တာတစ်မျိုးဖြစ်ရသည်။   ဖုန်းကိုယူ၍  " ချဉ်ဖတ်  🥵  " လို့မှတ်ထားသော contact ကိုခေါ်ဆိုလိုက်သည်။ 

အကြိမ်ပေါင်းများစွာခေါ်ဆိုသောလည်း ဝင်သာဝင်၍ ကိုင်သူမဲ့နေပါသည်။ ခဏစောင့်ပြီးမှ ထပ်ခေါ်လည်းကိုင်သူမဲ့နေပါသေးသည်။ စိတ်တွေရူပ်လာတာကြောင့် ခေါင်းကိုကုတ်မိသည်။ဖုန်းကခေါ်လည်းမကိုင်တာကြောင့် ထိုင်၍ စောင့်နေလိုက်သည် ။

ရှိုင်းထိုင်းစောင့်နေလျှက်  ငိုက်လာတာကြောင့် ဆိုဖာပေါ်မှီ၍ အိပ်နေလိုက်သည်။  ရှိုင်း မှေးခနဲ့အိပ်ပျော်နေသောချိန် ဆိုင်ကယ်သံကြားတာကြောင့် လန့်နိုးလာရသည်။   အိမ်ထဲကို ယိုင်တိုင်၍ ဝင်လာသော အခါကိုမြင်တာကြောင့်  ခေါင်းရမ်း၍ နှာခေါင်းရှုပ်မိပါသည်။

အရက်ကို ယိုင်တိုင်နေအောင်သောက်လာသောသူက ရှိုင်းကိုတော့မြင်ပါသည်။အနားကိုလျှောက်လာ၍ ဆိုဖာပေါ်ကိုဝင်ထိုင်သည်။ ရှိုင်းအနားကိုကပ်လာတာကြောင့်  သူအနားက ခွာမှီသည် ။ ရှိုင်းလည်းယောက်ျားလေးဖြစ်တာကြောင့်  စိတ်တိုဒေါသထွက်တက်ပါသည်။

" မင်းဘယ်ကပြန်လာတာလည်း အခါ .."

" အပြင်ကပြန်လာတာ .."

"အပြင်ကပြန်လာတယ်ဆိုတာမင်းပြောမှသိမှာလား  ငါမြင်တယ် ဘယ်ကနေပြန်လာတာလည်းငါမေးတာ "

"မင်းသိနေရင်လည်းအေးစေနေငါလည်းမပြောချင်လို့ပေ့ါကွ ငါကိစ္စတွေကို  နေရာတကာဝင်ဝင်မပါချင်စမ်းနဲ့ ရှိုင်း "

" ဘာ ...အေးပါ အေးပါ "

အခါနဲ့ရှိုင်းလက်ထပ်ထားတာဟာ 2 ပတ်ကျော်နေပြီးဖြစ်သည်။ အဆင်ပြေအောင်ရှိုင်းဘက်က အတက်နိုင်ဆုံး  ကြိုးစားနေထိုင်ပေးခဲ့ပါသည်။ အရင်ရက်တွေက ပြသာနာမရှိကြသောလည်း မနေ့ညက ရှိုင်းနဲ့အခါပြသာနာတက်ကြသည်။ 

ရှိုင်းကိုယ်တိုင်လည်းယောက်ျားလေးတစ်ယောက်ပါ  သို့သော် သူအနိုင်ကျင့်သမျှကို ညတိုင်းခံနေရသည်။  ထိုကြောင့် မနေ့ညက သူလိုချင်တယ်ပြောတာကို ရှိုင်းငြင်းဆန်ခဲ့သည်။ ဒါကြောင့်ပြသာနာအနည်းငယ်တက်ခဲ့ကြသည်။ မနက်ကြ ပြသာနာပီးအကြောင်းပြ၍ အခါကအပြင်ကိုထွက်သွားသည်။

Friend  But   Husband (Ongoing)Where stories live. Discover now