Puddin🎃

66 10 0
                                    

College Station, Texas State
Texas A&M University
United States of America
October-2017

တက္ကဆက်ပြည်နယ်ရဲ့ ထိပ်တန်းစာရင်းဝင်နံပါတ်နှစ်ချိတ်သည့် 'A&M' တက္ကသိုလ်ဝန်းကြီးဟာ ကျောင်းသား၊ကျောင်းသူများအတွက် ကျယ်ဝန်းနွေးထွေးသည့်ခံစားချက်လေးကို အားတက်သရောပေးစွမ်းလို့နေသည် ။ စာရေရွတ်သံ ၊ အုပ်စုဖွဲ့စကားပြောဆိုသံတို့ဟာ တီးတိုးတီးတိုးဖြင့် ရောပြွန်းလျက်ရှိသော်ငြား စိတ်ရှုပ်ဖွယ်ရာနည်းနည်းလေးမှမကောင်းလှပေ.. ။

ထိုကဲ့သို့ ထောင်ချီရှိလှသည့် ကျောင်းသား၊ကျောင်းသူများထဲ၌ ဒေ့ဗ် (ခေါ်) ယောထူးမြတ်တစ်ဖြစ်လည်း မြန်မာလူမျိုးကောင်လေးတစ်ယောက် ပါဝင်နေပါသည် ။ ယောထူးမြတ်သည် တက္ကဆက်ပြည်နယ်မှာ တစ်ယောက်တည်းလာနေထိုင်ပြီး 'Computer Sciences' မေဂျာဖြင့် မာစတာတန်းဆက်တက်လာသည်မှာ သုံးနှစ်ပင်ကျော်ခဲ့လေပြီ ။

" ဒေ့ဗ်.. အောက်တိုဘာ(၃၁)အတွက် နင်ဂိမ်းရှုံးထားတာကို မေ့မနေပါဘူးနော် "

မျက်ဝန်းစိမ်းစိမ်းလေးတွေနှင့် ချစ်စရာကောင်းလှသည့် 'အမ်မလီ'က အမေးရှိလာသည် ။ ရှေ့တွင်စာသင်နေသည့်ဆရာကို တစ်ချက်လှမ်းအကဲခတ်လိုက်ရင်း ယောထူးမြတ်ပြန်ဖြေလိုက်သည် ။

" ယောက်ျားပါဟ.. အရှုံးကိုလက်ခံနိုင်တယ် နင်တို့သာငါ့ကို လောင်းကြေးတန်ဖိုးမပြောဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေကြတာ "

" ငါတို့တိုင်ပင်ပြီး အဖြေထွက်သွားတာကြာခဲ့ပြီ.. နင့်ကိုနီးမှပြောပြမလို့ "

" အန္တရာယ်အငွေ့အသက်တွေရနေသလိုပဲ "

" မခဲယဉ်းပါဘူးဟာ "

တိုးတီးတိုးတီးလုပ်နေကြသည့် ယောထူးမြတ်တို့နှစ်ယောက်ကို ဆရာကမသိမသာလှမ်းကြည့်လာသည်မို့ အလျင်အမြန်ပါးစပ်ပိတ်လိုက်ရသည် ။

" နောက်မှဆက်ပြောမယ် "

.......................................................................

ဆရာအတန်းထွက်သည်နှင့် အဖွဲ့ဝင်ငါးယောက်ပါသည့် သူငယ်ချင်းတစ်စုသည် တိုင်ပင်ထားကြသလို.. ရုတ်ချည်း ခေါင်းချင်းဆိုင်လိုက်ကြသည် ။ ထိုအထဲတွင် လူမျိုးခြားဟူ၍ မြန်မာဖြစ်သည့်ယောထူးမြတ်နှင့် 'ဖူးပွင့်ကဗျာ'လည်းပါဝင်သလို ၊ တရုတ်ကောင်လေး 'ပင်းဝမ်' လည်းပါရှိသည် ။ 'အမ်မလီ'နှင့် 'စတိဗ်' ကတော့ တက္ကဆက်ပြည်နယ်ထဲကပဲဖြစ်သည် ။

P U D D I NWhere stories live. Discover now