အခန်း (၄၉၉) ခေါင်းတလားထဲက ပွင့်ချပ်ကိုးလွှာအဆင့်ပေါ်က စာအုပ်တွေလား

459 50 0
                                    

အခန်း (၄၉၉) ခေါင်းတလားထဲက ပွင့်ချပ်ကိုးလွှာအဆင့်ပေါ်က စာအုပ်တွေလား

ကျီ

ဧရာမသားရဲပျံကြီးသည် ၎င်း၏ခေါင်းကိုမော့လိုက်ပြီးနောက် ထူထဲစူးရှသောနှုတ်သီးကိုဟကာ နားစည်ထိခိုက်ဖွယ်အသံဖြင့်အော်လိုက်သည်။ ယင်းက ဧရာမသိန်းငှက်ကြီးနှင့်ဆင်တူသည်။ သိပ်တော့လည်းမတူလှ။

သားရဲပျံတစ်ကောင်ဆွဲသည့် ရထားလုံးပျံကိုမြင်တွေ့ရတာ ပုံမှန်ပဲဖြစ်သည်။ သို့သော် လူဦးရေများပြားသည့် မြို့ကြီးများတွင်သာအသုံးပြုရန်သင့်တော်သည်။

ဤကဲ့သို့သားရဲပျံများသည် ထိန်းကျောင်းရန်ခက်ခဲပေ၏။ သူတို့က အလွယ်တကူစိတ်ရိုင်းဝင်နိုင်သည်။ ထိန်းချုပ်မှုကင်းမဲ့သွားသည်နှင့် လူသားများကိုထိခိုက်စေနိုင်သည်။ ထို့အပြင် ယင်းက သာမန်သားရဲဖြစ်ပုံမပေါ်။

မင်ရှစ်ရင်သည် သူ့ကိုနှုတ်ဆက်သည့်သူကိုမကြည့်ခင် ရထားလုံးပျံပေါ်ရှိလူငါးယောက်ကို ကြည့်လိုက်၏။

“ရို့လီက တမန်တော်လား”

“တွေ့ရတာဝမ်းသာပါတယ် လူကြီးမင်း” လို့လန်၏တမန်တော် လန်လီက စကားပြောစဉ် မုတ်ဆိတ်များ လှုပ်သွားတော့သည်။ သူကပြုံးနေပုံပေါ်သော်ငြား တစ်ချိန်တည်းတွင် ပြုံးနေပုံလည်းမပေါ်။

“ကျုပ်ရဲ့မိတ်ဆွေ ခင်ဗျား ရွှေနန်းဥယျာဉ်တောင်နားကဆိုတော့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့မိတ်ဆွေပဲ ဖြစ်ရမယ်။ ကျုပ်တို့ကို မိတ်ဆက်ပေးနိုင်မယ်ဆိုရင် တစ်သက်လုံး ကျေးဇူးတင်နေမှာပါ”

မင်ရှစ်ရင်က ဖာသိဖာသာပြောလိုက်၏။

“ခင်ဗျားက ကျုပ်တို့ဘာသာစကားကို ကောင်းကောင်းပြောနိုင်တာပဲ”

“ရို့လီထဲမှာ တာ့ယန်ဘာသာစကားကို သင်ယူနိုင်ဖို့ ကျောင်းတော်တစ်ခုရှိတယ်။ အဲ့ဒီနေရာကနေ ကျုပ်သင်ယူလာတာ” လန်နီက ပြန်ပြောလိုက်သည်။

မင်ရှစ်ရင်သည် ဝေခွဲမရဖြစ်နေ၏။ ရို့လီသည် လျန့်စီရင်စုနှင့် တိုက်ပွဲဖြစ်နေသည်။ သူတို့တိုင်းပြည်နှစ်ခုက စစ်ဖြစ်နေကြ၏။ ရို့လီသည် သူ၏တာ့ရှစ်ရှိုးဆီ၊ သို့မဟုတ် တော်ဝင်မိသားစုဆီ လူလွှတ်မည့်အစား မိစ္ဆာဝေဟင်မျှော်နန်းဆီ အဘယ်ကြောင့် လူလွှတ်ရသနည်း။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ (Book 3)Where stories live. Discover now