နန်းမိုးတို့ အိမ်လေးမှာ ထရံကာ နှစ်ထပ်အိမ်လေးဖြစ်သည်။ ရှေးအိမ်ဖြစ်ပြီး ရေနံကြီးကို အဝသုတ်ထားသည်။ အိမ်ရှေ့တွေ ဆန်ပြာနေသော အသက်၈၀ကျော် ဖွားအိုတစ်ယောက်ထိုင်နေလေ၏။
"အဖွားရေ အဖွား ဒီမှာ ဧည့်သည်ပါလာတယ်တော့်"
"ဟေ ဝယ်ခဲ့လေနော့် နန်းမိုးရေ ဧည့်သည့်ကို လက်ဖတ်သုပ်နဲ့ ရေနွေးကြမ်းနဲ့ ဧည့်ခံရအောင်လေနော့်"
"ဟုတ်ကဲ့ပါ အဖွား လာမမ ဒီမှာထိုင်နော်"
"ဒါက နန်းမိုးရဲ့အဖွားလေ အဖွားစောတဲ့ အဖွားကဒီရွာ အသက်ကြီးဆုံးဘဲလေ"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် အဖွား"
"အေးနော့် လက်ဖတ်စားနော့် သမီးက ဘယ်ကလဲနော့်"
"သမီးက မန္တလေးကပါအဖွား သမီးခင်ပွန်းလောင်းရှိရာကို လိုက်လာတာပါ"
"ခင်ပွန်လောင်းဆိုတာဘယ်သူလဲဝေ့"
"ဟိုအဖွား ရွာကိုအသစ်ရောက်လာတဲ့ ဆရာဝန်လေးလေ"
"ဪဟုတ်ဆရာလေးလားဝေ့ အေးကောင်းတယ်နော့် နေနဲ့ရွှေနဲ့ မြဘဲနော့်"
"ဟုတ်ကဲ့အဖွား"
"အဖွား မမလဲခရီးပန်းလာတော့ နားပါစေတော့နော်"
"အေးအေး လွတ်လွတ်လပ်လပ်နေနော် လိုတာရှိရင် နန်းမိုးကို ခေါ်ခိုင်းလိုက်နော့်"
"ဟုတ်ကဲ့အဖွား"
"လာမမ ဒီခန်းမှာနားကမှာ ဟိုဘက်ကအဖွားခန်း"
"နန်းမိုးကရော"
"မမနဲ့ အတူအိပ်မယ်လေ"
"ဟင်"
"ဪမမရယ် အိမ်မှာ အခန်းနှစ်ခန်းထဲ ရှိတာရယ်"
"ဪ"
"လာပါမမရယ် နားတော့လဲနော် နန်းမိုး အလုပ်သွားအုန်းမယ်"
"နန်းမိုးကဘာလုပ်လုပ်တာလဲ"
"ရွာထိပ်က ကော်ဖီခြံမှာလေမမ"
"ဪအင်းပါ"
နန်းမိုးထွက်သွားတော့ ခိုင်လည်းနားလိုက်တော့သည်။ သူပင်ပန်းလာသည် မဟုတ်လား။ ညနေမှ ကိုကိုဆီသွားတော့မယ်။