Part - 9

60 5 0
                                    


" ကကြီးရေ က ကကြီးရေးချာ ကာ ကကာ"

"ကရီးယေက ကရီးယေးချာ ကာ ကကာ"

"တော်လိုက်တာ ခခလေးက နောက်တစ်ကြောင်းလောက် ထပ်ရေးရအောင်"

"ဟုတ်ကဲ့"

"ခခွေးရေ ခ"

"ခခွေးယေ ခ"

"တော်လိုက်တာဗျာ"

"ဆရာလေး"

"ဪနန်းမိုး ဧည့်သည်ပါ ပါလာတာလား"

"ဟုတ်တယ် ဆရာလေးရဲ့ မမကလေ နန်းမိုး လုပ်လုပ်တဲ့နေရာကို လိုက်ကြည့်ချင်လို့တဲ့"

ခိုင်သူရှေ့က  ပုလုံးလေး တစ်ခြားသူနဲ့ စကားပြောနေတာကို ကြည့်ရင်း စိတ်ထဲဘဝင်မကျဖြစ်လာသည်။

"ထိုင်ပါ အမ အမကကိုလင်းမြတ်ရဲ့ ဇနီးလောင်းဆိုတာလား"

"အဟင်း ဟုတ်ပါတယ်"

"ဟင် အကိုလေး"

"ညာဏ်"

"ပါးပါး ယာ ခခချာချိုတာကြည့်"

"ဧည့်သည့် ရောက်နေတာ မသိလိုက်ဖူး ထိုင်နော်ညီမ"

"ဟုတ်ကဲ့ပါအကို ဒါနဲ့ ဒီကလေးလေးက"

"အကို့သမီးပါညီမ"

*ဟင်ကလေးမလေးက ကိုကိုငယ်ငယ်ကပုံနဲ့ တူလိုက်တာ ငါဘဲစိတ်ထင်တာများလား"

"ညီမ အကြမ်းရည်နဲ့ လက်ဖတ်သုတ်လေးစားပါဦး"

"ဟုတ်ကဲ့ပါအကို"

"သမီးလေး သမီးလေးနာမည်က ဘယ်လိုခေါ်လဲဟင် တီတီ နာမည်က နေနွယ်ခိုင်တဲ့"

"နန်းလင်းခပါ တီတီ ခခယို့ယဲ ခေါ်ယို့ရပါတယ်"

"နာမည်လေးကဆန်းလိုက်တာ"

"နန်းမိုး  ဒီကညီမ‌တွက် လိ‌မ္မော်သီး တစ်ခြင်းသွားယူခဲ့နော်"

"ဟုတ်ကဲ့ အကိုလေး"

"နန်းမိုးတို့ အိမ်မှာနေရတာ အဆင်ပြေရဲ့လားညီမ"

"ဆင်ပြေပါတယ်အကို"

"ဪဒါနဲ့ ကိုလင်းမြတ်နဲ့ ညီမနဲ့က စေ့စပ်ထားတာ ဘယ်လောက်ကြာပြီလဲဟင်"

"ဟုတ်လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှပါ"

"အကိုနာမည်ကမင်းမောင်ပါ ကျောင်းဆရာပါ ဒီကအကိုနာမည်ကတော့ စိုင်းညာဏ်ခတဲ့ သူက ဒီကော်ဖီခြံပိုင်ရှင်လေ"

ရှမ်းတောင်တန်းပေါ်မှာ မောင်နဲ့ငါWhere stories live. Discover now