Part(2)🤡

117 10 3
                                    

ညကပြသနာတွေ အကြာကြီးမဖြစ်ပဲ အိပ်ခဲ့ရလို့ထင်သည်၊ဒီမနက်တော့ Jungkookလန်းလန်းဆန်းဆန်းနဲ့ နိုးထလာရသည်။

ဘေးနားက ကွေးကွေးလေးအိပ်ပျော်နေတဲ့ အိမ်ကြီးရှင်ကိုကြည့်မိတော့ မျက်လုံးတွေကို ချက်ချင်းလွဲပစ်လိုက်သည်။
အိပ်ပျော်နေတဲ့အချိန်မှာ ချစ်ဖို့ကောင်းသလောက် ကျန်အချိန်တွေမှာ ကြောက်စရာသတ္တဝါကြီး တစ်ကောင်လိုပဲ...။

ဒီလူသားနဲ့ ပတ်သက်၍ မြတ်နိုးရမည့်အကြောင်းအရာတွေကိုဆို Jungkookဟာလည်း ဝေးဝေးရှောင်ခဲ့သည်။
အခုအချိန်မှာ ဘယ်လိုပဲချည်နှောင်ခံရခံရ ဘယ်လိုအမိန့်တွေပဲ ရှိရှိ နှလုံးသားရဲ့ ဆန္ဒလေးတွေကိုတော့ ကိုယ်တိုင်ဆုံးဖြတ်ချက်တွေချကာ ကိုယ်ချစ်ရတဲ့ သူနဲ့ပဲအိုမင်းချင်သည်။

လက်ရှိမှာ စေ့စပ်ထားရပေမဲ့ အိမ်ကြီးရှင်ကို သူကြည့်မရပါ...။

အိပ်ယာကထ စောင်လွတ်နေတဲ့ ခန္ဓာကိုယ်လေးကို စောင်လေးခြုံပေးခဲ့ကာ ရေမိုးချိုး အလုပ်သွားဖို့ ပြင်ရသည်။

အလုပ်အိတ်လေးကိုင်ကာ လှေကားတွေအတိုင်းဆင်းလာပြီး ပြင်ပေးထားတဲ့ Coffeeနဲ့မုန့်ကို စားကာ အလုပ်သို့ ကားမောင်းထွက်လာခဲ့လိုက်သည်။

စိတ်ကြည်နေတာမို့ အိမ်ကအိမ်ကြီးရှင်အကြောင်းတွေအားလုံးကို ထုတ်ထားကာ အလုပ်အကြောင်းတွေကိုသာ တစ်ခုပြီးတစ်ခု Planချနေခဲ့သည်။

Park Groupက သူ့အပိုင်မဟုတ်ပေမဲ့ သူ့အပေါ်မှာရှိတဲ့ ကျေးဇူးတွေကို ဆပ်တဲ့အနေနဲ့ Jungkookက အများကြီးကြိုးစားကာ တည့်မက်ပေးထားသည်။

အိမ်ကြီးရှင်ဆီက အနှိမ်ခံရမှုတွေကြောင့် Jungkookက ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေကိုလဲ ထူထောင်ကာ အောင်အောင်မြင်မြင်..။
Park Jiminက ဒီအကြောင်းတွေသိပေမဲ့ ဘာမှတော့ မပြော...၊

အိမ်ကြီးရှင်ဆီက ကျေးဇူးတွေကို ဆပ်မကုန်သရွေ့ Jungkookဟာလည်း ထွက်ခွာသွားမဲ့လူမျိုးမဟုတ်...။သူကျေအောင် ဆပ်မှာ...။
Park Jiminကို ဘယ်လိုပဲကြည့်မရစေကာမူ လက်ရှိမှာ ထွက်သွားဖို့က သူကိုယ်တိုင်လဲ အဆင်မပြေသေး..။

Anti-Joker ( So Hurt)Where stories live. Discover now