Part (3)🤡

82 6 0
                                    

ချို့တဲ့တဲ့ နယ်ရွာလေးကဂေဟာတစ်ခုမှာ Mrs Parkတို့ သားအမိနှစ်​ယောက် အလှူလေးသွားလုပ်ရင်း အပြန်လမ်းမှာ ကားလေးဟာ တရွေ့ရွေ့နဲ့ ဆိုးလ်ဆီကို မောင်းနှင်နေသည်။

မိုးကလည်း ချုပ်နေပြီမို့ Driverဦးလေးကြီးက အရှိန်တင်ကာ မောင်းနှင်နေပေမဲ့ လမ်းက ကြမ်းတော့ ထင်သလောက်ခရီးက မတွင်...။

"ကားက ဘာဖြစ်တာလဲ Driverကြီး.."

ရုတ်တရပ် ရပ်တန့်သွားတဲ့ကားကြောင့်  Mrs Park က Driverကြီးကို လှမ်းမေးလိုက်ခြင်း..၊

"ကျနော်ဆင်းကြည့်လိုက်ပါမယ် မမလေး"

Driverဦးလေးကြီးက ဆင်းကာ သွားကြည့်တော့ Mrs Parkတို့သားအမိက ကားထဲကနေ စောင့်နေသည်။

" ဘယ်လောက်သွားရအုံးမှာလဲ..အမေ
မိုးကလည်းချုပ်နေပြီကို..."

"ရောက်တော့မှာပါ... သားက ပင်ပန်းနေပြီလား.."

ခုနှစ်နှစ်အရွယ် Jiminက သားသားနားနား အနီ​ရောင်ဝတ်စုံလေးဝတ်ထားကာ Chemmyအရုပ်​လေးကို ပိုက်ထားလျက် ချစ်စရာကောင်းနေသည်။

"ဒီလောက်အဝေးကြီးကို လမ်းကလည်းကြမ်းသေး
မပင်ပန်းပဲနေမလား..
နောက်တစ်ခါဆို သားမလိုက်တော့ဘူး
အမေ့ဘာသာ အမေ့တစ်ယောက်ထဲသွား.."

Jiminက တကယ်ပင်ပန်းနေပြီမို့ ဆူပုတ်နေပြီဖြစ်သည်။
အစကတည်းက လိုက်ချင်တာမျိုးမဟုတ်။အမေက သားအဖေရဲ့ နှစ်ပတ်လည် နေ့မို့ အလှူလေးလုပ်ချင်ပါတယ်ဆိုပြီး အတင်းခေါ်လို့လိုက်လာခဲ့ရတာ..။မျက်နှာတောင် မမြင်ဖူးတဲ့ အဖေ့အတွက်ပါတဲ့..။
အိမ်မှာတည်းက ငိုယိုပြီးမလိုက်ဘူးလုပ်နေတာကို အမေက ရိုက်မယ်နှက်မယ် တရမ်းရမ်းနဲ့ ပါအောင်ခေါ်ယူခဲ့လို့ လိုက်လာရတာ တကယ်ဆို အိမ်မှာ ဇိမ်နဲ့ နှပ်နေချင်တာမျိုး...။

ဂေဟာမှာလဲ ညစ်တီးညစ်ပတ်ကလေးတွေက သူ့ကိုလာကိုင်ကြည့်ကြလို့ ပြသနာတွေတက်ခဲ့ရပါသေးသည်။

"ကားက ဆက်မောင်းလို့ရတော့မှာ မဟုတ်ဘူး
မမလေး...
ဒီည ဒီမှာပဲ အိပ်ရမယ်ထင်တယ်.."

"ကားက ဘာဖြစ်လို့လဲ..
ဒီမှာတော့ မအိပ်နိုင်ပါဘူး"

Mrs Parkက ကားပေါ်ကဆင်းလာကာ ကားကို စူးစမ်းကြည့်ရင်းပြောတော့ Jiminကလည်း နောက်ကနေလိုက်ဆင်းလာသည်။

Anti-Joker ( So Hurt)Where stories live. Discover now