Chapter 13

1K 127 0
                                    

Chapter 13
(ဖုကျဲ၏ လက်လျှော့မှု)

စုမုန့် သူ့ကို အေးစက်စွာကြည့်ကာ လျစ်လျူရှုလိုက်၍ ဆက်လက်ထွက်ခွာသွားခဲ့သည်။ဖုကျဲ သည် ဥက္ကဌတစ်ဦးဖြစ်သော်ငြား သူ့စကားကိုသူ မတည်ခဲ့ပေ။ အံစာတုံးဂိမ်းမှာ ရှုံးလျှင် သူမကို သူ့ရှယ်ယာတစ်ဝက် ပေးမည်ဟု ကတိပေးခဲ့သော်လည်း ကတိမတည်ခဲ့ချေ။  လောင်းကစားဝိုင်းဆိုသည်မှာ ကတိကိုစောင့်ထိန်းရသည့် နေရာဖြစ်ကာ ရှုံးနိမ့်မှုကိုလည်း ဝန်ခံရ၏။

"ဟေး ဟေး စောင့်ဦး"

ဖုကျဲ က စုမုန့် ကို တားလိုက်၍ သံသယနှင့် ကြည့်ရင်း

"စုမုန့်...မင်း ဖုန်းရွှေကို တစ်ကယ်သိတာလား"

အိမ်တော်ထိန်းကျိုး က ဝေ့ထင်အား ပို့လိုက်သည့် ဗီဒီယိုကို သူမြင်ဖူးထားသည်။စုမုန့်က အိမ်တော်ထိန်ကျိုး၏ အိမ်ကို လက်ညှိုးထိုးပြပြီး ပြတ်သားသည့်အသံနှင့် ဖုန်းရွှေပြဿနာကိုပြောဆိုနေခြင်းပင်။

သူမက ခေါင်းညိတ်ပြပြီး “ဘာလို့လဲ...ရှင့်ကလပ်ရဲ့ပြဿနာကို ကူညီဖြေရှင်းပေးစေချင်တာလား"

"မင်းက ဘယ်လိုသိသလဲ" 

သူမ တစ်ချက် ရယ်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။

"ရှင့်ရဲ့လုပ်ငန်းစဖွင့်တဲ့နေ့မှာ ပြဿနာတစ်ခုရှိနေတယ်ဆိုတာ ကျွန်မမြင်တယ်...ရှင်က အခုထိ သိသေးပုံမရဘဲကိုး"

ဖုကျဲ သည် ခါတိုင်းကဲ့သို့ပင် သူ့မျက်နှာက တောက်ပပြီး ချောမောနေသော်လည်း သူ၏ မျက်တွင်းဟောက်ပက်နှင့် ညိုမည်းနေသော မျက်ကွင်းများက သူသည် လောလောဆယ် အလွန်ပင်ပန်းနေကြောင်း ထင်ရှား၏။ သူက စုမုန့်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း

"မင်းမြင်ထားတာ ကြာပြီ ဟုတ်လား... ဒါဆို မင်းငါ့ကိုဘာလို့မပြောတာလဲ"

သူ့ကလပ်ကို စဖွင့်ကတည်းက ထူးဆန်းတာတွေ ဖြစ်ပျက်ခဲ့သည်။ ပထမဦးစွာ ဝေ့ရွှယ် ချော်လဲသွားပြီး ဝန်ထမ်းတစ်ဦးသည်လည်း မီးဆိုင်း‌ကြီးအပိခံခဲ့ရ၏။ မတော်တဆမှုတစ်ခုဟု အစက သူ ထင်ခဲ့သည်။ သီးသန့်အခန်းထဲတွင် ဖောက်သည်အနည်းငယ် ဆော့ကစားနေကြချိန်မှာ ယခုထိ မသိရသေးသော အကြောင်းအရင်းကြောင့် အမှန်တစ်ကယ် မီးလောင်သွားပြီး ထိုဖောက်သည်အားလုံးနီးပါး သေဆုံးမလို ဖြစ်ခဲ့ရသည်။ထူးဆန်းလွန်းသည်။တစ်နေ့တည်းမှာ ဖြစ်ပျက်ခဲ့တာတွေက အများကြီးပင်။  သူသည် ချမ်းသာသော ခေတ်လူငယ် သူဌေးလေးဖြစ်သော်ငြားလည်း အယူသီးသူဖြစ်၏။ထို့ကြောင့် စီးပွားရေးသမား များအတွက် ဖုန်းရွှေ၏ အရေးကြီးပုံကို သူနားလည်ထားသည်။ ထိုအချိန်ကတည်းက သူ၏ ကလပ်တွင် ဖုန်းရွှေပြဿနာရှိနေသည်ဟု သူထင်ခဲ့သည်။

ပြန်လည်မွေးဖွားလာပြီး အကျင့်ပုတ်တဲ့ယောင်းမကိုနှိပ်စက်မယ်Where stories live. Discover now