အခန်း - ၁

317 18 2
                                    

UNICODE

ကျွန်​တော့်နာမည်က ​အော်စကာ(Oscar) တဲ့ ။ ကျွန်​တော်က ​ခွေး​တွေထဲမှာဆိုရင် Alsakan Malamute မျိုး​ပေါ့ ။ ကျွန်​တော်တို့ကို လူ​တွေကသမုတ်ကြတယ် ။ အရမ်းစကားများတာပဲတဲ့​လေ ။ ကျွန်​တော်​တော့ အဲ့လိုမထင်ပါဘူး ၊ ကျွန်​တော်က စကားတတ်တယ်ပဲဆိုရမလား ၊ လူ​တွေနဲ့ဆက်သွယ်ရတာ ကျွန်​တော်အရမ်းသ​ဘောကျတယ် ။

ကျွန်​တော့်မှာ ချစ်ရတဲ့သခင်နှစ်​ယောက်ရှိတယ် ။ ကျွန်​တော်က​တော့ သခင်တို့ကို ပါပါးနဲ့ဒယ်ဒီလို့​ခေါ်​​နေ​ကျဆိုပေမယ့် ဒါ​တွေကို ပါပါးတို့က​တော့နားလည်မယ်မထင်ပါဘူး ။ ဒီ​ကောင် တအူအူနဲ့ဘာ​တွေ​အော်​နေလည်းမသိဘူးပဲ ​တွေး​နေ​​လောက်မှာ​ပေါ့ ။
ကျွန်​တော်က လသားအရွယ်ကတည်းက ပါပါးတို့ဆီ​​ရောက်​နေခဲ့တာ အခုဆို ၂နှစ်​ကျော်ခဲ့ပါပြီ ။

သံ​ယောဇဥ်​တွေကလည်း တစ်စတစ်စတိုးလာခဲ့သလို ကျွန်​တော့်ကိုလည်း ပါပါးနဲ့ဒယ်ဒီဟာ သား​လေးတစ်​ယောက်လို ချစ်​ပေးခဲ့ကြတယ် ။ ကျွန်​တော့်အတွက် အခန်းတစ်ခန်းလည်း သီးသန့်အပိုင်​ပေးထား​ပေမယ့် အလိုလိုက်ခံရတဲ့က​​လေး​တွေက ပိုဆိုးတတ်သလိုပဲ ကျွန်​တော်ဟာ တစ်ခါတစ်​လေ တစ်ချို့ည​တွေမှာ ပါပါးနဲ့ဒယ်ဒီကြား ဒီခန္ဓာကိုယ်ကြီးနဲ့ မဆံ့မပြဲ ဝင်အိပ်ရတာလည်း အရမ်းသ​ဘောကျပါ​သေးတယ် ။

အဲ့လိုအချိန်​တွေဆိုရင် ဒယ်ဒီက ​*အော်စကာ!!!* ဆိုပြီး ​အေးစက်စက်အသံကြီးနဲ့​အော်ထုတ်တတ်​ပေမယ့် ပါပါးက​တော့ ကျွန်​တော့်ကိုယ်လုံးကြီးကို အားပါးတရဖက်ထားပြီး * ပါပါးသား​လေးက လိမ္မာလိုက်တာ * လို့လည်း​ပြောတတ်ပါ​သေးတယ် ။ အဲ့အတွက် အလိမ္မာ​လေး​အော်စကာဟာ ဒယ်ဒီ့ဘက်ကိုဖင်​ပေးပြီး ပါပါးဘက်ကို​ခေါင်း​လေးတိုးလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်တတ်ပါ​သေးတယ် ။

* ​အော်စကာ အ​ပေါ်မှာ အိပ်​နေတဲ့လူဆိုးကိုသွားနှိုးချည် သွား သွား *

ဒီမနက်လည်း မီးဖို​ချောင်းထဲမနက်စာပြင်​နေတဲ့ ​ပါပါးနားမှာ အမြီး​လေးနှံ့ကာနှံ့ကာဖြင့် အ​ဖော်ပြု​ပေး​နေတုန်း ပါပါးရဲ့တစ်ချက်လွှတ်အမိန့်​ကြောင့် ​​အော်စကာလည်း အ​ပေါ်ထပ်ကို​ပြေးတက်ချင်​ပေမယ့် ခပ်​ဖြေး​ဖြေးသာ​လျှောက်ပြီးတက်ခဲ့လိုက်တယ် ။ မနက်အ​စောကြီးကတည်းက ပါပါးကအဝတ်အစားလဲ​ပေးထားတာဖြစ်လို့ ​အော်စကာ​တော့ ဟန်ပျက်မခံနိုင်ပါ ။

My Hater : My LoverWhere stories live. Discover now