အခန်း - ၃

142 14 2
                                    

UNICODE

" ​နေဦး စဥ်းစားဦးမယ် မင်းကိုဘာနာမည်​ပေးရမလဲ "

ထိုအ​မွေးစုတ်ဖွားနဲ့ရုပ်ဆိုးဆိုး​ကောင်အနားမှာ ပါပါးကကျကျနနထိုင်ချပြီး ပွတ်သပ်ကာ​​ပြော​နေတာမလို့ ​အော်စကာလည်းပါပါးနားသွားလိုက်တယ် ။ ဒီ​ကောင်က အ​မွေး​တွေထူလဗျစ်နဲ့ ​အော်စကာ့ထက်​တောင်အရပ်ရှည်ပြီး ထိုင်​နေတာ​တောင် လျှာတထုတ်ထုတ်နဲ့ ပါပါးပွတ်သပ်​ပေးတာငြိမ်ခံ​နေတာမလို့ ​အော်စကာကြည့်မရ​တော့ ။ ခုနကတည်းက ဒီ​ကောင့်အနံ့ရသင့်တာကို ပါပါးချက်ထားတဲ့ပင်လယ်စာအနံ့​တွေနဲ့ ​အော်စကာ့မှာကြို​တောင်မသိနိုင်ခဲ့ ။

အဲ့အတွက် ပါပါးအနားသွားပြီး ထို​ကောင့်ကိုတစ်ပတ်ပတ်ပြီး ​အော်စကာလိုက်ကြည့်မိတယ် ။ ​ခြေ​​လေး​ချောင်းရှိတာချင်းအတူတူ ​ဒီ​ကောင်က​တော့​အော်စကာ့ထက်အင်မတန်မှ ရုပ်ဆိုးလှပါ​သေးတယ် ။ နှုတ်သီးမဲမဲနဲ့ ပြုံး​နေတဲ့ရုပ်ကြီးက ​အော်စကာကြည့်ဖူးတဲ့ကာတွန်ကား​တွေထဲက ​​အရမ်းဆိုးတဲ့​ခွေး​တွေအတိုင်း ချစ်​မွှေးတစ်စက်မှမပါပါဘူး ။ ​အော်စကာသူ့ကိုပတ်ကြည့်​နေမှန်းသိ​တော့ အဲ့​ကောင်ကလည်း ​ခေါင်းလှည့်ပြီး ​အော်စကာ့ကိုပြန်ကြည့်​နေတာမလို့ မာန်ဖီပြလိုက်တယ် ။ ဒီအိမ်မှာ ​အော်စကာကသာပါပါးတို့ရဲ့အချစ်​တော်မလို့ ​နောက်မှ​ရောက်တဲ့​ကောင်ကို ​အော်စကာလုံးဝ​နေရာမ​ပေးနိုင်ပါ ။

ဒီ​ကောင့်အ​မွှေး​တွေက ရှုပ်ပွ​နေတဲ့အပြင် ​အော်စကာ့လိုလည်း အနံ့အသက်မ​ကောင်းတာမလို့ ခပ်​ဝေး​ဝေးမှာသွားထိုင်ပြီး ​အော်စကာ့နှာ​ခေါင်း​ပေါ် လက်တစ်ဖက်တင်ထားလိုက်တယ် ။ အဲ့အချိန်မှာပဲ သူ့အ​​မွှေး​တွေကြားက​နေ ဖြတ်ခနဲ မြင်လိုက်ရတဲ့အရာ​ကြောင့် ​အော်စကာ့မျက်လုံး​လေးပိုဝိုင်းသွားရတယ် ။

* အထီးကြီးဟ *

အထီး အထီးချင်းမလို့ ​အော်စကာပိုလို့​နေရာမ​ပေးနိုင်ပါ ။ ဒါ​ကြောင့်မလို့ ခုန်​ပေါက်ရင်းပင် ပါပါးရဲ့အာရုံ​တွေ ​အော်စကာ့ဆီ​ရောက်လာဖို့ ကြိုးစားလိုက်တယ် ။ ပါပါးရဲ့အချစ်ဆုံး​လေးက ဒီမှာပါလို့ ။

You've reached the end of published parts.

⏰ Last updated: Nov 18, 2023 ⏰

Add this story to your Library to get notified about new parts!

My Hater : My LoverWhere stories live. Discover now