Chapter 28

1.8K 273 6
                                    

Unicode

သည်နေ့က စူးယိရန်၏ဆိုင်၌ ကျန်းကျန်းပေါင်းအရသာမြည်းစမ်းပွဲ ဖြစ်၏။

 တစ်ပတ်တာကုန်ဆုံးခဲ့ပြီဖြစ်ပြီး ထိုတစ်ပတ်ဟာ စူးယိရန်အတွက်တော့ ပြောရမည်ဆိုပါက အလွန်ပင်အလုပ်များလှသည့် သီတင်းပတ်တစ်ပတ်ဖြစ်ပေသည်။

ပထမဦးဆုံးအနေဖြင့် သူဟာ ဝန်ထမ်းအသစ်လေးဦးကို ခေါ်ယူခဲ့ကာ အချိန်ပိုင်း ဝန်ထမ်းလုပ်မည့် ကောလိပ်ကျောင်းသား ငါးယောက်ထက်မနည်းကိုလည်းခေါ်ယူခဲ့ပြီး သူတို့၏အတန်းချိန်ဇယားအတိုင်း အလုပ်ချိန်အဆိုင်းတွေစီစဉ်ပေးကာ နံနက်၊ နေ့လယ်နှင့်ညနေတိုင်းမှာ ကူညီပေးမည့်အချိန်ပိုင်း ဝန်ထမ်းတစ်ဦးကို အမြဲရှိနေစေဖို့ စီစဥ်ခဲ့လိုက်သည်။

 ထိုအထဲမှ ဝန်ထမ်းအသစ်နှစ်ဦးဟာ အချိုပွဲဆိုင်များတွင် လုပ်ကိုင်ခဲ့ဖူးတာကြောင့်အခြေခံအတွေ့အကြုံရှိပြီး လူကြိုက်များသောအချိုပွဲအတော်များများအား ပြုလုပ်နိုင်ကာ  သူ၏ဝန်ထမ်းဟောင်းကျန်းရှောင်ဟုန်နှင့်အတူ နောက်ဘက်ခန်းတွင် အတူအလုပ်လုပ်၍ စူးယိရန်နှင့်အတူ အချိုပွဲပြုလုပ်ရန်တာဝန်ယူကြ၏။ ကျန်ဝန်ထမ်းအသစ်နှစ်ဦးမှာ အချိန်ပိုင်းဝန်ထမ်းများနှင့်အတူ ရှေ့ကောင်တာတွင် အလုပ်လုပ်ကြလေသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း မားကတ်တင်းအဖွဲ့၏ စိတ်အားထက်သန်သောလုပ်ဆောင်ချက်များအပြင် အချိုပွဲဆိုင်ကိုယ်တိုင်က ကြိုးစားအားထုတ်သောအစွမ်းအစများကြောင့် ယိထင်အချိုပွဲဟာ ပို၍ပို၍ အာရုံစိုက်ခံရလာပြီး မြို့တွင်းမှလာစားသည့်ဧည့်သည်များသည်လည်း ပိုများလာပေသည်။

 အချင်းချင်းအကျိုးပြုသည့်သံသရာကဲ့သို့ပင် ဧည့်သည်များ ပိုမိုများပြားလာသည်နှင့်အမျှ ဆိုင်၏ဂုဏ်သတင်းကလည်း ပိုမိုကောင်းမွန်လာကာ များစွာသောဧည့်သည်တို့က ဆိုင်၏အမာခံဖန်များဖြစ်လာကာ အခြားလူများကိုပါ ပရိုမိုးရှင်းကူဆင်းပေးကြတော့သည်။

ရက်အနည်းငယ်အတွင်းမှာပင် ယိထင်အချိုပွဲဟာ မြို့တော် A အတွင်း၌ အတော်လေးကျော်ကြားလာပေ၏။ အထူးသဖြင့် အထူးအချိုပွဲစီးရီးများကို ချီးမွှမ်းနှစ်သက်ကြပြီး ဆိုင်စီးပွားရေးကလည်း တစ်စတစ်စအလုပ်များလာလေတော့သည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now