Ep 1

247 25 0
                                    

အိမ်ရှေ့စံလေးရဲ့ဆန္ဒ

ဆော့မက်ချူးတစ်ယောက် မသိစိတ်ကလန့်နိုးမှုနဲ့အတူနိုးသွားသည်။
အခန်းထဲကိုဝင်လာနေတဲ့လူနှစ်ယောက်ကိုလှဲသိပ်လိုက်ပြီး လေတစ်ချက်ချွန်လိုက်ရာ
''ကျွန်တော်ရှိပါတယ် အိမ်ရှေ့စံ''

''ကျွတ် အဲ့ဒီအိမ်ရှေ့စံဆိုတာကြီးမခေါ်နဲ့လို့ပြောထားတာ မေ့နေပြီလား ပတ်ဂွန်းဝု အစ်ကိုဖြစ်ဖြစ် မက်သရူးဖြစ်ဖြစ်ပဲခေါ်စမ်းပါ''

''ကျွန်တော် မခေါ်ဝံ့ပါဘူး အိမ်ရှေ့စံ''

''ထားတော့ကွာ ခုဘယ်လိုဖြစ်တာလည်း ဒီနှစ်ယောက်က''

''ထုံးစံအတိုင်း ဦးရီးတော်မင်းသားလက်ချက်ပဲနေမှာပါ မင်းသား''

''အဟွန်း ဦးရီးတော်ကငါ့ကိုသိပ်အထင်သေးတာပဲ လူနှစ်ယောက်ပဲလွှတ်လိုက်တာတဲ့လား''

''အခန်းရှေ့မှာ ငါးယောက်ကိုကျွန်တောရှင်းလိုက်ပါတယ် မင်းသား''

''ဘာ...ငါးယောက်!! ငါအိမ်ရှေ့စံမလုပ်ချင်တော့ဘူး ဂွန်းနုရာ မင်းသိရဲ့လား ငါနေ့စဉ်နဲ့အမျှအသက်ကိုတွေးပူနေရတဲ့ဘဝကြီးကိုမလိုချင်ဘူး''

''ဒါပေမဲ့ ဦးရီးတော်မင်းသားသာနန်းတက်ရင် မင်းသားရော ကျွန်တော်တို့ပြည်သူတွေရော ဘဝကြီးကမိုးမှောင်ကြကုန်မှာ မင်းသားလည်းသိတယ်မလား''

''ဟင်း ငါ့ဦးရီးတော်ကထီးနန်းလည်းလိုချင်တယ် အကျင့်စရိုက်တွေလည်းမပြုပြင်ဘူး ငါဘုရင်မလုပ်ချင်ဘူး ဂွန်းနု ငါလွပ်လွပ်လပ်လပ် နေချင်တာ မင်းယုံမလားတော့မသိဘူး''

''ကျွန်တော်သိပါတယ် မင်းသားရဲ့စိတ်ကိုသိနေပေမဲ့ ဘာကိုမှမကူညီနိုင်တာ တောင်းပန်ပါတယ်''

''ငါကသာ အားနာရမဲ့သူပါ ငါ့မှာရင်ဖွင့်လို့ရတာမင်းပဲရှိတာလေ ငယ်ငယ်ကတည်းကငါ့အနားမှာတာဝန်ထမ်းဆောင်ဖို့ရွေးခဲ့မိလို့ မင်းလည်းအန္တရာယ်တွေကြုံရတယ် ဒါတွေအကြန်လုံးကိုအားနာမိတယ်''

''ကျွန်တော့ကိုအားနာရင် ဘုရင်ကောင်းတစ်ပါး ဖြစ်လာဖို့သာ ကတိပေးပါမင်းသား''

''ကောင်းပြီ ငါမင်းကိုကတိပေးတယ် ဒီတိုင်းပြည်ကြီးသာယာဝပြောမှ ငါနေချင်တဲ့ဘဝကိုရွေးချယ်မယ်''

Dream85
10.11.23

My Baby From The PastWhere stories live. Discover now