Ep 2

161 19 0
                                    

သရုပ်ဆောင်လား ဥက္ကဋ္ဌလား?

S Entertainment တွင် တိုက်ပွဲတစ်ခုဖြစ်လို့နေသည်။ ကုမ္ပဏီဝန်ထမ်းများအတွက်က မထူးဆန်းတော့ပေ...

S Entertainment ရဲ့တစ်ဦးတည်းသောဆက်ခံသူတဖြစ်လည်း Kpop Idolလည်းဖြစ်တဲ့ ရစ်ခီရှန်နဲ့ S Entertainment ရဲ့CEO ရစ်ခီရှန့်ရဲ့အဖေ ကျိုးယောင်ရှန်တို့ကြားကစစ်အေးတိုက်ပွဲပင်။ထုံးစံအတိုင်း Idol ပဲလုပ်ပြီး မင်းသားလုံးဝမလုပ်နိုင်ဘူးဟု ကြွေးကြော်ထားသော ရစ်ခီရှန်နဲ့ လာအပ်သောဇာတ်ညွှန်းတွေကြောင့် မင်းသားလုပ်စေချင်သူ ကျိုးဟောက်ရှန်ဖြစ်သည်။

''ငါပြောတာနားထောင်စမ်း ရစ်ခီရှန်!!! ''

''ပါး သားကိုမအော်ပါနဲ့ သားဒီလောကထဲစဝင်ကတည်းက မင်းသားလုံးဝမလုပ်နိုင်ဘူးလို့ပြောပြီးသား အဲ့တာကို ပါးလည်းသဘောတူပြီးသားလေ အဲ့အတွက်လည်းသားဘက်က ပါးဖြစ်စေချင်တဲ့အမွေဆက်ခံသူဖြစ်လာဖို့ ကြိုးစားသင်ယူခဲ့ပြီးပြီ''

''sorry ပါး သားကိုအော်လိုက်တာမဟုတ်ပါဘူး
ခုဟာက နာမည်ကြီးဒါရိုက်တာဂျီယောင်းရိုက်မဲ့ကား ဇာတ်ညွှန်းလည်းအသင့်တင့်နာမည်ရှိပြီးသားမို့ သားကိုရိုက်စေချင်တာ Kpop Idol ဆိုတာအသက်ကြီးလာရင်ဘာမှမဟုတ်တော့ဘူးလေ fanတွေဆိုတာလည်း သူတို့သာအသက်ကြီးသွားမယ် Idolငယ်ငယ်လေးတွေပေါ်လာရင်လည်းပြောင်းကြိုက်မှာပဲ ခုနေ သရုပ်ဆောင်အလုပ်ဘက်ကိုခြေကုပ်ယူထားမှ နောက်ပိုင်း သရုပ်ဆောင်လိုင်းပြောင်းဖြစ်တဲ့အခါ အဆင်သင့်ဖြစ်မှာ''

''ပါး သားfanတွေကိုမစော်ကားပါနဲ့ လုံးဝ မလုပ်နိုင်ဘူး အမွေဖြတ်ရင်ဖြတ်ပစ်လိုက် ''

''ဘာလို့အဲ့လောက် ခါးခါးသီးသီးငြင်းနေတာလည်း ဘာလည်း ဟန်ရှင်းအာ ကြောင့်လား''

''ကျွတ် သူကဘယ်ကပါလာပြန်တာလည်း သူနဲ့ဘာမှမဆိုင်ဘူး''

''ဟက် ဟုတ်နေတာပဲကို အဲ့တာဆိုလည်းသရုပ်ဆောင်မလုပ်နဲ့ အိမ်အလုပ်တွေပဲဆက်ခံလိုက်တော့ မဟုတ်ရင်သရုပ်ဆောင်လုပ်ရမယ် chose one my son သားဘာရွေးမလည်း ပါး စောင့်နေမယ်''

စကားအကုန်ပြောပြီးထွက်သွားတဲ့ ပါးကြောင့် ရစ်ခီစိတ်ညစ်စွာခေါင်းကိုကုတ်လိုက်မိသည်။ဟုတ်တယ် သူတော်တော်စိတ်ညစ်နေတာပါ။သူ့လို Hair styleအပျက်မခံတဲ့သူခေါင်းကုတ်နေပြီဆိုကတည်းက တော်တော်စိတ်ညစ်လို့ပဲဖြစ်သည်။

Dream85
16.11.23

My Baby From The PastWhere stories live. Discover now