Hope flower shopကကြိုဆိုပါတယ်"
"ဟာ Hoseokလေး ဒီနေ့ပန်းတွေစုံလှချည်လား"
"ဟာ ဘွားဘွားYeon မတွေ့ရတာတောင်ကြာပြီ"
"အေး ကလေးရယ် ဘွားဘွားပန်းဆိုင်ဖက်ထွက်လာတာ ရောက်ရောက်ချင်းပန်းရောင်စုံလေးတွေမြင်တော့ဘွားဘွားစိတ်ကိုကြည်လင်သွားတာဘဲ
ဘွားဘွားလည်းကျန်းမာရေးမကောင်းတာနဲ့အပြင်သိပ်မထွက်ဖြစ်ဘူး။ဒီနေ့တော့တစ်ယောက်တည်းပျင်းနေတာရယ်ငါ့ကလေးကိုသတိရတာနဲ့ထွက်လာတာ""ဘွားဘွား မနက်စာရောစားပြီးပြီလား မစားရသေးရင်hobiဝယ်ကျွေးပါရစေ"
"မဟုတ်တာကလေးရယ် ဘွားဘွားစားလာပါတယ်"
"မရဘူး ဘွားဘွား hobiကျွေးတာကိုနည်းနည်းတော့ထပ်စားလိုက်ပါ hobiအိမ်ကနေ pan cakeတွေလုပ်လာတာမှအများကြီး ဘွားဘွားသဘောကျမှာသေချာတယ်"
"ကဲ ကလေးကကျွေးတော့ ဘွားဘွားကလည်းစားရမှာပေါ့"
"ကျေးဇူးပါ ဘွားဘွား hobiပန်းကန်လေးနဲ့ထည့်ခဲ့ပေးမယ်နော်"
"အင်းအင်း ဘွားဘွားဒီကစောင့်နေမယ်"
ဘွားဘွားyeonကဒီဆိုင်အရင်ပိုင်ရှင်ဘွားဘွား။ ခင်ပွန်းနဲ့တူတူမနက်စာရောင်းနေကျဆိုင်လေး ခင်ပွန်းကလည်းဆုံးအသက်လည်းကြီးလာတော့ဒီဆိုင်လေးကိုရောင်းရင်းhobiနဲ့တွေ့တာဘဲ
Hobiပြောင်းလာတော့Hobiကိုမြင်တာနဲ့ယုံကြည်ပြီးဆိုင်ကိုစျေးအများကြီးအမြတ်မစားဘဲရောင်းပေးတယ် ဆိုင်ဖွင့်တော့လည်းလိုအပ်တာတွေမှန်သမျှ ငှားရမ်းပေး ဝယ်ပေးနဲ့ တကယ့်အဘွားအရင်းတစ်ယောက်လိုဘဲ Hobiဘဝမှာဘွားဘွားလည်းမရှိခဲ့ ဘွားဘွားနဲ့ဒီလိုမနေခဲ့ဖူးတော့ ဒီလိုကူညီပြီးသဘောကောင်းစေတနာကောင်းတဲ့ဘွားဘွားနဲ့တွေ့ရတာ hobiအတွက်ဘွားဘွားအရင်းရလိုက်သလိုဘဲ ပြီးတော့ဘွားဘွားကတခါတလေအကြားအမြင်တွေလည်းရတော့ဗေဒင်ကလည်းဟောသေးတာ တနေ့တခြားပိန်ပိန်လာတဲ့ဘွားဘွားကိုမြင်ရတာHobiစိတ်တော့မကောင်းဘူး မေးတိုင်းလည်းအဆင်ပြေပါတယ်ကလေးရယ်နဲ့ဘဲပြောရှာတယ်"ဘွားဘွားရော့ pancake hobiလည်းမစားရသေးတော့တူတူစားကြမယ်"
"အေးအေး ဒါနဲ့ကလေး ဘွားဘွားညကကလေးအတွက်အကြားအမြင်ရတယ်သိလား ကောင်းတဲ့အရာရောမကောင်းတာရောဒွန်တွဲနေတယ် သတိထားပါကလေး အနီရောင်ပန်းလေးကိုဆောင်ထား မိုးရွာတဲ့နေ့တွေဆိုသတိထားနော်"
KAMU SEDANG MEMBACA
Just Love(S1+S2)
Romansaမျှော်လင့်ချက်တွေနဲ့စောင့်စား နေရတာကိုမကြိုက်ဘူးTae ဒါပေမယ့်ဖြစ်လာမယ့်အရာတွေကို မကြိုက်ပိုင်ခွင့်တောင်မရှိဘူး hyungဖက်ကကျွန်တော့်ကို ငှယ့်ကြည့်စရာမလိုဘူး ကျွန်တော်ကhyungကို ပြည့်စုံအောင်ထားနိုင်တယ် တလောကလုံးကိုရင်ဆိုင်ရမယ်ဆိုတောင် ဒီကKim Taehyungက ေ...