ep 1 S2

643 79 7
                                    


ဒီနေ့နေမင်းကြီးကအရမ်းခန့်ညားနေတယ်။
မျက်ရည်ကျလောက်အောင်ကိုခန့်ညားပြီး တောက်ပနေတာ။

မထိန်းနိုင်လောက်အောင်ကိုမျက်ရည်တွေကျ နေတာ။ခန့်ညားလိုက်တာ။

ဘေးကဖြတ်သွားတဲ့လူတွေကသူ့ကိုအထူးအဆန်းလိုကြည့်နေကြတယ်။

အင်းလေ သူတို့အတွက် လမ်းလည်ခေါင်က
ဖန်သားပြင်မှာအင်တာဗျူးလုပ်နေတဲ့video
ကိုကြည့်ပြီးမျက်ရည်တွေအဆက်မပြတ်ကျနေတဲ့ငါကထူးဆန်းနေမှာပေါ့။

မျက်ရည်တွေကထိန်းမရတော့ သူ့အကြောင်းတော်သင့်ပြီလို့ကိုယ့်စိတ်ကိုထိန်း
ပြီးလက်ကနာရီကိုတချက်ငုံကြည့်လိုက်တော့
လက်တံတိုလေးက၈နာရီကိုညွှန်ပြီးအရှည်လေးက၁၂ကိုညွှန်ပြနေလေရဲ့

၈နာရီထိုးနေပြီဆိုင်ဖွင့်ရဦးမှာဘဲ။
မျက်ရည်တွေလက်ဖမိုးနဲ့နာနာသုတ်
အတတ်နိုင်ဆုံးမျက်နှာကိုပြုံးပြီး
မျက်နှာလေးမြင်လိုက်ရတာတော်ပါပြီလေလို့ တွေးရင်း သူ့ဆိုင်လေးဆီ

ဆိုင်လေးကိုဖွင့်ပြီး သူ့ကိုမှာထားတဲ့ပန်းလေးတွေကိုထိုးနေ လိုက်တယ်။

သူပန်းဆိုင်လေးဖွင့်ပြီး သူအလုပ်လုပ်နေတာအခုဆို၅နှစ်ပြည့်ရောပေါ့

အရမ်းလည်းမကြီးအရမ်းလည်းမသေးတဲ့သူ့ပန်းဆိုင်လေးကလူမများပေမယ့် အော်ဒါမှာတဲ့လူကတော့နေတိုင်းရှိတယ်။
ဖုန်းနဲ့လည်းလှမ်းမှာတာတွေလည်းရှိတော့
တချို့ပို့ရတဲ့ဟာလေးတွေကိုjiminကလိုက်ပို့
ပေးတယ်။သူမအားရင်ကိုယ်တိုင်လိုက်ပို့ဖြစ် တယ်။

ပြောရင်းjiminရောက်လာတော့ သူရဲ့ရေစိုနေတဲ့လက်ကိုသုတ်လိုက်ပြီး
ပြေးဖက်လိုက်တယ်။လွမ်းနေတာလေ

အမယ် hobiကငါ့ကိုဖက်လို့ပါလား
ပြောပါဦး ဘာတွေများပျော်စရာရှိလို့လဲ

chimကလည်းပျော်စရာရှိမှဖက်ရမှာလား

jiminလည်းသူ့အမူအရာကိုခေါင်းအသာလေးခါပြီးပြုံးပြုံးနဲ့သူ့ကျောကိုအသာလေးပွတ်ပေး နေတယ်

သူဖက်ထားတာခွာပြီးchimကိုငုံ့ ကြည့်လိုက်တော့မျက်လုံးလေးတွေမှိတ်တဲ့ အထိပြုံးပြနေလေရဲ့။

Just Love(S1+S2)Where stories live. Discover now