အပိုင်း (၃)

4K 347 23
                                    

တီချယ့်အရိုင်းပန်း
အပိုင်း (၃)

"တီချယ်..."

"ဟင်"

စာရေးနေရင်းခေါ်သံကြောင့် မော့ကြည့်တော့ မုဏ်းဧဝရတ်သော်ရဲ့သူငယ်ချင်းသုံးယောက်။

"ဘာကိစ္စရှိလို့လဲ..သမီးတို့"

"ဟိုဟာလေ...ဟို.."

"တဟိုဟိုနဲ့မြန်မြန်ပြောလေ ရွှန်းရဲ့"

"နင်ပြောပါလား...ဒါဆို"

"မုဏ်းဧဝရတ်သော်အကြောင်းဆို မပြောနဲ့တော့နော်..။ရပြီ"

"ဟို..ရွှန်းတို့ကသူ့အစား..."

"သူ့အစားတောင်းပန်ဖို့လား..။မလိုဘူးနော်။ကာယကံရှင်ကအမှားမသိဘဲ ဘေးလူကတောင်းပန်တော့ရော ဘာထူးမှာမလို့လဲ"

"ဟုတ်ကဲ့..။တောင်းပန်ပါတယ်တီချယ်။ဒါဆို သမီးတို့ကိုသွားခွင့်ပြုပါအုံး"

"အင်း...။စာနဲ့ပတ်သက်ပြီးသိချင်ရင်တော့ တီချယ့်ကိုအချိန်မရွေးလာရှာလို့ရတယ်နော်"

"ဟုတ်ကဲ့..။ကျေးဇူးတင်ပါတယ်တီချယ်"

ကလေးသုံးယောက်ထွက်သွားပြီမလို့ မှော်လည်း ကိုယ့်စာကိုယ်သာဆက်ပြီးရေးနေမိတော့သည်။

"ငါပြောသားပဲ..မသွားပါနဲ့ဆို"

"သွားလိုက်တော့လဲ ဘာမှအကျိုးမယုတ်ဘူးလေ ပန်းချီရယ်။တီချယ်ကစိတ်ဆိုးမှာပေါ့..။သူ့လက်က ပတ်တီးကိုနင်တို့မမြင်တာလည်းမဟုတ်"

"ငါသိပါတယ်..။ဒီတိုင်းပြောလိုက်တာ။"

"တီချယ့်ကို မုဏ်းကြိုက်သွားရင်ကောင်းမယ်"

"ဟဲ့...ပန်းချီ ဘာစကားကြီးလဲ"

"ဟုတ်တယ်လေ၊ကြိုက်သွားရင် အဲလိုမနှောင့်ယှက်တော့ဘူးပေါ့"

"မုဏ်းကဘယ်လောက်ကြာကြာတွဲလို့လဲ..ပိုပြီးတော့တောင်ရှုပ်အုံးမယ်။တီချယ်က ရည်းစားနဲ့ကို။မုဏ်းသာကြိုက်ရင်သူများအတွဲပျက်မယ်"

"ဒါလည်း ဟုတ်တာပဲ"

"တော်တော့..ဟိုမှလာနေပြီ။တီချယ့်ဆီသွားခဲ့တဲ့အ​ကြောင်း မပြောနဲ့နော်"

တီချယ့်အရိုင်းပန်းWhere stories live. Discover now