အပိုင်း (၁၃)

1.7K 183 19
                                    

တီချယ့်အရိုင်းပန်း
အပိုင်း (၁၃)

"Happy Birthday ဖေဖေ့သမီးလေး"

"ဟယ်!ဒီနေ့ဖေဖော်ဝါရီ ၂၇လား၊မှော်မေ့တောင်နေတယ်။အဲတာကြောင့်ဖေဖေ့ကိုချစ်ရတာ"

ဖေဖေ့ပါးပြင်အားတစ်ချက်နမ်းလိုက်ပြီး မျက်လုံးလေးမှိတ်ကာဆုတောင်းပြီးနောက် ကိတ်သေးသေးလေးပေါ်ရှိဖယောင်းတိုင်လေးအား မှုတ်လိုက်မိသည်။

"မှော့်အသက် သုံးဆယ်ပြည့်ချိန်ထိ ကျန်းကျန်းမာမာရှိနေပေးလို့ကျေးဇူးတင်ပါတယ်နော်ဖေဖေ၊နောက်မွေးနေ့တွေလည်း မှော့်အနားမှာရှိပေးပါအုံး"

"ငါ့သမီးစိတ်တိုင်းကျဒီအဖေက ရှိပေးမှာပေါ့။ကဲ ကိတ်ခွဲပြီးရင်အဝတ်အစားလဲ၊ဘုရားသွားကြမယ်"

"ဟုတ်ကဲ့ဖေဖေ"

နို့စိမ်းရောင်ဝတ်စုံလေးအားထုတ်ကာဝတ်လိုက်မိသည်။အပြင်မှာအနည်းငယ်အအေးဓာတ်ရှိတော့ လက်ရှည်လေးကပိုအဆင်ပြေလေသည်။လက်ကောက်ဝတ်နားရှိကြယ်သီးလေးများအားသေချာစွာတပ်ပြီး အင်္ကျီနှင့်ထဘီအားပုံကျအောင်တစ်ချက်သပ်လိုက်မိသည်။ဆံစအနည်းငယ်စီအားယူကာကျစ်ဆံမြီးကျစ်ပြီးအနောက်ဘက်တွင်ကလစ်ကလေးဖြင့်ညှပ်ပြီးသည့်နောက် ပြင်ဆင်ခြင်းကပြီးဆုံးသွားခဲ့ပါသည်။မျက်နှာကတော့ ပုံမှန်အတိုင်း သနပ်ခါးပါးကွက်လေးဖြင့်သာ။အကုန်ပြီးပြီဆိုပြီးထွက်ဖို့ပြင်မှ နှုတ်ခမ်းဆိုးဆေးမဆိုးရသေးတာကြောင့်မှန်တင်ခုံပေါ်ရှိ ပန်းဖျော့နှုတ်ခမ်းနီလေးအားဆိုးလိုက်မိသည်။

"ပြီးပြီဖေဖေ"

"အင်း...ငါ့သမီးလေးက တအားလှတာပဲ"

သမီးဖြစ်သူအားကြည့်ရင်း ဦးသူရရင်မှာအေးချမ်းမှုနှင့်ပူလောင်မှုအားခံစားလိုက်ရသည်။မိန်းကလေးတစ်ယောက်စာ အလှကြောင့်ဂုဏ်တက်နိုင်သလို၊အလှကြောင့်ပဲ ဂုဏ်ပျက်ဘဝပျက်နိုင်လေသည်။သမီးလေးရဲ့အလှဟာ အဆိပ်မသင့်စေဖို့မျှော်လင့်မိသည်။မိဘအပေါ်သိတတ်ပြီးနေတတ်ထိုင်တတ် တွေးခေါ်တတ်သူဆိုပေမဲ့လည်း ကံကြမ္မာဆိုတာမျိုးက မသိနိုင်တာမလို့ ဖခင်တစ်ယောက်အနေနဲ့စိတ်ပူမိတာပါပဲ။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Jun 09 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

တီချယ့်အရိုင်းပန်းDove le storie prendono vita. Scoprilo ora