Part (4)

470 37 0
                                    

Unicode

မြေပြင်ပေါ်လဲလျောင်းနေတဲ့ကောင်လေးကထထိုင်ကာသူ့ကိုဘာတွေပြောနေလဲဆိုတာကိုဘာမှမကြားရတော့ ...ခန္ဓာကိုယ်တစ်ခုလုံးပူစပ်ကာမျက်လုံးတို့ပြာဝေပြီးကြောက်ရွံ့မှုတို့ကိုလည်း ရင်ထဲကနေခံစားနေရသည်။ ထို့နောက်ကောင်လေးရဲ့အဆင်ပြေတယ်ဆိုတဲ့အသံကိုကြားမှစိတ်ကိုလျှော့ချလိုက်နိုင်ကာ သူသည်လည်းအသိဉာဏ်တို့ကအမှောင်ထုထဲကျရောက်သွားရတော့သည်။

အသိစိတ်တို့ဝင်ကာမျက်လုံးတို့ပွင့်ဟလာတော့ ကျောပြင်နဲ့ထိတွေ့နေရတဲ့အိစက်စက်မွေ့ယာကြောင့်အခန်းထဲပြန်ရောက်နေပြီဆိုတာသိလိုက်ရသည်။ အဖြစ်အပျက်တွေကိုပြန်လည်တွေးတောနေတုန်း သူ့အခန်းထဲကရေချိုးခန်းတံခါးကပွင့်ဟလာကာ သူ့နာမည်ကိုခေါ်ရင်း အထဲကနေဧည့်သည်ကောင်လေးထွက်လာတော့ အတန်ငယ်အံ့သြသွားရသည်။ ထိုကောင်လေးကလည်းအလျင်အမြန်သူ့နားရောက်လာပြီး မွေ့ယာပေါ်ထိုင်ချလာသည်အထိသူ့မှာနားမလည်နိုင်သေး။ ထို့နောက်ကောင်လေးပြန်ပြီးအစဖော်ပေးမှအကုန်လုံးကိုပြန်လည်မှတ်မိကာ နေရောင်ထဲပြေးထွက်သွားခဲ့တဲ့သူ့ကိုယ်သူတော့နည်းနည်းအံ့သြမိသည်။

စိုးရိမ်တကြီးမျက်ဝန်းတွေနဲ့သူ့ကိုကြည့်နေတဲ့ကောင်လေးရဲ့မျက်လုံးထဲကို ထဲထဲဝင်ဝင်စိုက်ကြည့်နေမိကာ တကယ်ပဲဘယ်လိုအရာကသူ့ကိုထိုကောင်လေးအားဒီလောက်ထိစိတ်ပူသွားစေတာလဲဆိုတာစဥ်းစားနေမိတော့သည်။

တစ်ဖက်ကသူမှာလည်း ဂျွန်ကသူ့အခန်းထဲရေဝင်ချိုးတာမကြိုက်လို့များလားလို့တွေးကာအားနာနေရသည်။ ဒီလိုကြီးကြည့်နေတော့သူလည်းဘာအမှားလုပ်ထားလဲဆိုတာပြန်သုံးသပ်နေရသည်။ ဂျွန်စိတ်ဆိုးအောင်လို့တမင်ရေဝင်ချိုးခဲ့ရခြင်းတော့မဟုတ်ပါ။

"ဪ ဆောရီးဂျွန် ကျွန်တော်အောက်ထပ်မှာရေဆင်းချိုးရင်ဂျွန့်ကိုစောင့်ပေးမယ့်သူမရှိမှာစိုးလို့"

ဒီလိုရဲတိုက်တမျှခမ်းနားလှတဲ့အိမ်ကြီးမှာ စံအိမ်သခင်ကိုစောင့်ကြည့်ပေးဖို့အလုပ်သမားတစ်ယောက်မှမရှိတာ မဖြစ်နိုင်မှန်းသိသော်လည်း သူကိုကစိတ်ပူ၍ကိုယ်တိုင်ကိုယ်ကျစောင့်ရှောက်လိုခြင်းဖြစ်သည်။ သူ့အတွက်နဲ့နေ​ပူထဲပြေးလာပြီး သူ့ရင်ခွင်ထဲသတိလစ်မေ့မျောသွားတဲ့ဂျွန့်ပုံရိပ်က မျက်လုံးထဲကကိုမထွက်သေး။

Heliophobia {Completed}Where stories live. Discover now