အမုန်းလွန်ချစ်မေတ္တာ(part13)

333 13 0
                                    

ဦးအောင်မြတ်နဲ့ဒေါ်မြမူတို့ဦးဇေစတ္တအိမ်သို့သားရေသမီးရေးကိစ္စမြန်းဖို့ရောက်လာခဲ့သည်။

''ဦးအောင်မြတ်တို့ကြွပါဗျ...မတွေ့ရတာကြာပြီးနော်..''

''ဟုတ်တယ်ဗျ...''

''အန်ကယ်တို့ကြွပါဗျ..''အတ္တမင်းမောင်ကအိမ်ထဲမှထွက်လာပြီးဦးအောင်မြတ်တို့အားကြိုဆိုလေသည်။

ဧည့်ခန်းထဲတွင်..လူကြီး၃ယောက်နဲ့လူငယ်၂ယောက်တို့ဟာမဂ်လာကိစ္စအကြောင်းဆွေးနွေးနေသည်။

''ကိုမြတ်ရဲ့သားကြီးကဒီလကုန်ရင်မဂ်လာဆောင်တော့မှာဆိုတော့သမီးတို့မဂ်လာပွဲကိစ္စကိုဘယ်လိုစီစဥ်မှာလဲဗျ..''

''ကျနော်ကတော့ရှေးထုံးလဲမပယ်နဲ့စျေးသုံးလည်းမကြွယ်နဲ့ဆိုတဲ့အတိုင်း..တစ်နှစ်တည်း၂မဂ်လာမဆောင်ကောင်းဘူးလေဒါကြောင့်သားကြီးရဲ့မဂ်လာပွဲကပြင်ဆင်ပြီးသွားပြီးဆိုတော့သားတို့ကိုမဂ်လာဆောင်ပေးရမယ်..သမီးငယ်တို့မဂ်လာပွဲကိုတော့နောင်လာမယ့်နှစ်မှကျင်းပပေးကြတာပေါ့...''

''ကိုမြတ်ပြောတာလဲမှန်တယ်..သမီးတို့၂ယောက်ကိုနောက်နှစ်မှဘဲမဂ်လာဆောင်ပေးကြတာပေါ့..''

''အင်း..သူတို့ကိုတရားရုံးမှာဘဲတရား၀င်လက်မှတ်ထိုးပြီးအကျဥ်းချုပ်ဘဲလုပ်ကြတာပေါ့မဂ်လာပွဲကိုနောက်နှစ်မှကျင်းပပေါ့''

''အဲလိုဆိုအဆင်ပြေတာဘဲ..သမီးရောဒယ်ဒီတို့စီစဥ်တာလက်ခံရဲ့လား..''

''ဟုတ်ကဲ့သမီးတို့မဂ်လာမဆောင်ရရင်တောင်တရား၀င်ဇနီးမယားအဖြစ်ရုံးတက်လက်မှတ်ထိုးရုံနဲ့ကျေနပ်နေပါပြီး...''

''ဒါဆိုဒီဘက်ကအဆင်ပြေသွားပြီးပေါ့..ကျနော့်သမီးငယ်အတ္တရာကိုတော့ဒီကသမီးလေးခေတ်ကဘဲအကျိုးကြောင်းပြောပေးပါတော့ကွယ်...သမီးငယ်ကဦးကိုစိတ်နာပြီးစကားမပြောတော့တာ၁၀နှစ်ရှိပြီး..''

''ဟုတ်ကဲ့သမီးကို့ကိုသေချာရှင်းပြလိုက်ပါ့မယ်...''

''ကိုမြတ်ရဲ့သားမဂ်လာကိစ္စကိုဘာလို့သမီးအတ္တရာကိုမပြောပြခဲ့တာလဲ..''

''သမီးလေးကိုပြောရင်လည်းသမိးကကျနော်တို့သားအဖကိုအဖက်လုပ်မှာမဟုတ်ဘူးလေဒါကြောင့်သားမဂ်လာကိစ္စကိုအသိမပေးတော့တာ..''

ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာWhere stories live. Discover now