အမုန်းလွန်ချစ်မေတ္တာ(part20)

327 12 0
                                    

မယ်ဒီနေ့ဆေးရုံကဆင်းတော့ကိုရိုင်းနဲ့မမလွန်းကလာကြိုပေးလေသည်။

မယ်တစ်ယောက်သောသူကိုတော့မျှော်နေမိခဲ့သည်။သို့သော်သူရောက်မလာခဲ့ပါ။

စိတ်ဆိုး၍မတွေ့ချင်ဘူးပြောနေသော်လည်းနှလုံးသားလေးဟာချစ်ရသူကိုတမ်းတနေခဲ့သည်။

''မယ်ညီမလေးသွားရအောင်လေဘာတွေတွေးနေတာလဲ''

''ဘာမဟုတ်ပါဘူးမမသွားရအောင်...''

ဆေးရုံကနေထွက်လာတော့စကြ်လမ်းမှာမယ့်အားလူတစ်ယောက်မတော်တဆတိုက်မိသွားလေသည်။
ဘုတ်!!

''အာ့...''

''ဟယ်မယ်..ရရဲ့လား..ဒီမှာရှင်ဘယ်လိုလမ့်လျှောက်လာတာလဲ..''

''တောင်းပန်ပါတယ်...''

ထိုဦးထုပ်ဆောင်းထားတဲ့လူဟာချက်ချင်းတောင်းပန်ပြီးထိုနေရာမှထွက်သွားလေသည်။

မယ်အားမလွန်းကတွဲပြီးကားဆီသို့ထွက်လာခဲ့လေသည်။

ဆေးရုံအပြင်ကနံရံထောင့်မှာသူတို့ကိုစောင့်ကြည့်နေသောမျက်၀န်းတစ်စုံ...

''ဟက်!!ရှင်တော်မယ်...မင်းနဲ့ငါမရှင်းရသေးတဲ့အကြွေးတွေငါပြန်လာယူပြီး''

ထိုမိန်းကလေးဟာဦးထုပ်ကိုပြန်ဆောင်းပြီးထိုနေရာမှာထွက်သွားလေသည်။

ရိုင်းတို့အိမ်ကိုရောက်တော့မယ့်ကိုဧည့်ခန်းထဲသို့ခေါ်လာပြီးဒယ်ဒီနဲ့မိတ်ဆက်ပေးကာအကျိုးအကြောင်းပြောပြလေသည်။

''အင်းဒါဆို..ဦးလေးတို့အိမ်မှာဘဲနေပါကွယ်..သမီးမှာကိုယ်၀န်ကြီးနဲ့တစ်ယောက်ထဲဆိုအဆင်မပြေနိုင်ဘူးလေ''

''ဟုတ်ကဲ့အန်ကယ်...''

''လှလှညီမလေးမယ်နဲ့အဖော်နေပေးနော်..လာမယ်မမမယ်နေရမယ့်အခန်းကိုလိုက်ပြမယ်...''

ရိုင်းတို့မယ်ဒီမှာနေရအောင်ကြိုတင်ပြီးအစေခံတွေအားအခန်းတစ်ခန်းကိုသေချာရှင်းလင်းခိုင်းထားသည်။

မယ်ကကိုယ်၀န်နဲ့ဆိုတော့အောက်ထပ်မှာပင်အခန်းပေးထားခဲ့သည်။

ရိုင်းသူမတို့ထွက်သွားတော့ခြံထဲဆင်းကာခန့်ဆီသို့ဖုန်းဆက်လိုက်သည်။

ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာWhere stories live. Discover now