[2006ခုနှစ်]
အေးမြမြ ဆောင်းလေတို့သည် ပြတင်းပေါက်မှ
တဖြူးဖြူးတိုက်ခတ်ကာ တိုး၀င်လျက်ရှိသည်။
လမင်းကြီး၏အလင်းရောင်သည် အိပ်စက်ရာကုတင်ထက်သို့ ကျဆင်းလို့နေ၏။ ခေါင်းအုံးနှင့်စောင်ပါးတစ်ထည်ကိုသာအားကိုးလျက် ခွေခွေလေးအိပ်နေသည့် ထိုကလေးငယ်သည် ဆောင်း၏အအေးဒဏ်ကိုအံတုနေပုံရသည်။မြန်မာစံတောင်ချိန် နံနက်5:00ထိုးသည်နှင့် ရွာဦးကျောင်းမှ တုံးခေါက်သံသည် တစ်ရွာလုံးသို့ဟိန်းလို့နေ၏။
တစ်ညတာအားခက်ခဲစွာဖြတ်သန်းပြီးသော် ဘောင်းဘီရှည်နှင့် လက်ပြတ်အင်္ကျီသာ၀တ်ဆင်ထားသောထိုအနှီကလေးမလေးသည် မျက်လုံးများပေကလပ်ပေကလပ်ဖြင့် တုံးခေါက်သံနှင့်အတူနိုးထလာခဲ့၏။
၇နှစ်အရွယ်ကလေးငယ်အဖို့ မိဘ၏ရင်ခွင်တွင်နွေးထွေးစွာရှိရမည့်အစား ရွာဦးဘုန်းကြီးကျောင်း၏အရိပ်အောက်၌ခိုလုံနေရ၏။
"ကြာဥ.....ကြာဥရေ....."
"ရှင်..အရီးလေးခင်ပြုံး....သမီးဒီမှာပါ"
"ဘယ်တွေသွားနေတာလဲကွယ်....ဆရာတော်ဘုရားကခေါ်နေတယ် ဘုရားခန်းကိုသွားချေဦး"
"ဟုတ်ကဲ့အရီးလေး...သမီးအခုပဲသွားလိုက်မယ်"
၇နှစ်အရွယ် ကလေးမလေးပီပီ သွက်လက်စွာဖြင့် ဆရာတော်ဘုရားခေါ်ရာသို့ပြေးလွှားကာသွားလေ၏။
ဘုရားခန်းသို့မ၀င်မီ တံခါး၀သို့ရောက်သည်နှင့် သူမ၏ခြေလှမ်းများအား တည်ငြိမ်သောအသွင်သို့ပြောင်းကာ ၀င်သွားလေ၏။ဘုရားခန်းသို့ရောက်သည်နှင့် ဘုရားရှိခိုးဦးချလျက် ဆရာတော်ဘုရားအားဦးချကာဖြင့်.....
"အရီးလေးက ဆရာတော်ဘုရားခေါ်တယ်ဆိုလို့ပါဘုရား"
"ကြာဥလေး...ဒီဒါယိကာနဲ့ဒါယိကာမကိုသိရဲ့လား"
ထိုအခါမှ သူမ၏အာရုံတို့သည် ဆရာတော်ဘုရား၏အရှေ့တွင် အရိုအသေပြုကာထိုင်နေကြသော ဦးဟိန်းရာဇာနှင့်ဒေါ်သက်ထားတို့ထံသို့ကျရောက်လာ၏။
"သီတင်းကျွတ်ရောက်တိုင်း အလှူလာပြုတဲ့ဦးလေးနဲ့အန်တီမလား မနေ့ကတောင် သမီးကို မုန့်တွေပေးသွားသေးတယ်"
YOU ARE READING
မြတိမ်ညို
Romanceဤ၀တ္ထုသည် စိတ်ကူးယဥ်၍သာပုံဖော်ထားခြင်းဖြစ်ပြီး ဤ၀တ္ထုပါ နေရာဒေသများမှလွဲ၍ ကျန်သော အကြောင်းအရာများအားလုံးသည် စိတ်ကူးဖြင့်သာပုံဖော်ထားခြင်းဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။