အပိုင်း (2)

136 17 1
                                    

"ဟုတ်တယ်အရီးလေး ဒါပေမယ့် အခုတော့အရီးလေးနဲ့တွေ့ချင်လို့...."

နွေသည် စနှောက်ဟန်ဖြင့် အရီးလေးအား ပြောလိုက်၏။အသက်ကြီးလာသည်ဖြစ်သော သူအဖို့ မေ့တတ်သည်မှာမဆန်းလှပါ။သူမကိုယ်တိုင်တောင်တစ်ချို့အရာတွေကိုမေ့နေပြီပဲမဟုတ်ပါလား။

"ဟေ ဒီကတူမလေးကဘာကိစ္စကြောင့်တွေ့ချင်ရတာတုန်းကွယ်"

"အရီးလေး နွေ့ကိုမှတ်မိရဲ့လား..."

"နွေ...နွေဆိုတာ..အာ နွေခက်သွယ် သမီးကိုး..အရီးလေးကအသက်ကြီးလာတော့မှတ်ဉာဏ်တွေမကောင်းတော့ဘူးကွယ် ငါ့သမီးလေးတောင်ဒီအရွယ်ရောက်လာပြီပဲ ချောလာလိုက်တာ..."

"အရီးလေးကတော့မြှောက်နေပြန်ပြီ နွေဒီကိုနောက်ဆုံးရောက်ဖြစ်တာ လွန်ခဲ့တဲ့၁၀နှစ်ကထင်တယ်"

"ဟုတ်ပါ့ကွယ် ဟုတ်ပါ့ အရှေ့နှစ်တွေတောင် ၂နှစ်မှတစ်ခါလောက်လာဖြစ်တာကိုး မတွေ့ရတာကြာလို့ထင်တယ် ငါ့သမီးလေးကအရမ်းကိုချောလာတာ အရင်ကထက်တောင်ပိုလာသေးတယ်"

"နွေ့ကိုချီးမွမ်းခန်းနောက်မှဖွင့်ပါဦးအရီးလေးရယ် စားဖိုဆောင်မှာ ဟင်းတွေတူးကုန်ပါဦးမယ်"

"ဟုတ်သား သမီးလေးပြောမှပဲသတိရတော့တယ် ကဲကဲ အပေါ်တက်နှင့် အရီးလေး လာခဲ့မယ်"

အရီးလေး၏စကားအားအပြုံးဖြင့် တုန့်ပြန်လျက် ဘုရားခန်းသို့တက်သွားလိုက်၏။
နှစ်ပေါင်းများစွာကြာလေပြီဖြစ်သောကြောင့် ကျောင်း၏ တိုင်နံရံတို့သည် ခြပင်စားလေပြီ။
သို့သော် နေ၍အဆင်ပြေသည့်အနေအထား။
ဘုရားခန်းသို့ရောက်သည်နှင့် သူမ၏မျက်မှန်အောက်မှမျက်၀န်းတစ်စုံသည်ဖုန်အလိပ်လိပ်တက်နေသော နံရံများတွင်ချိတ်ဆွဲထားသောဓာတ်ပုံတို့ထံသို့ကျရောက်သွား၏။
ထိုဓာတ်ပုံများတွင် လွန်ခဲ့သည့်နှစ်များစွာကရိုက်ထားသော ဆရာတော်ကြီးအချို့၏ပုံနှင့် ရွာဦးကျောင်း၌လာရောက်ခိုလှုံကြသော မိဘမဲ့ကလေးများ၏ပုံ။ထိုမိဘမဲ့ကလေးများတွင် ယောကျာ်းလေးများသာ ထူးထူးခြားခြား ဆရာတော်မွေးစားခဲ့သည့်ကလေးများတွင် သူမတစ်ဦးတည်းသာမိန်းမလေးဖြစ်၏။ထို့ကြောင့်လည်း ဦးဟိန်းရာဇာတို့ထံမွေးစားခွင့်ပးခဲ့ခြင်းမဟုတ်ပါလား။

မြတိမ်ညိုحيث تعيش القصص. اكتشف الآن