အပိုင်း (5)

150 15 1
                                    

ခေတ်သွန်းမာန်၏ကားသည် နွေ့ခြံနံဘေးတွင်ရပ်လျက်သားပင်။အကြောင်းမှာ တော်၀င်ဟူသောဆေးခန်းအား တစ်ယောက်တည်းမသွားချင်၍ဖြစ်သည်။သို့သော်လည်း ဖွင့်ရက်ဖြစ်သည်မို့ ခြံရှေ့ရောက်မှ နွေမအားမှန်းရိပ်စားမိ၍ ပြန်ထွက်လာခဲ့လေသည်။

နွေ့အိမ်မှ ဆေးခန်းသို့ဆိုလျှင် ၄၅မိနစ်ခန့်သာမောင်းရမည်ဖြစ်၍သိပ်မကြာမီပင်ဆေးခန်းသို့ရောက်လာခဲ့၏။ ယနေ့တော့ ဒေါက်တာမှာ ဆေးခန်းထိုင်ဟန်ပေါ်သည်။လူနာအနည်းငယ်များသည်မို့ ဆေးကောင်တာဘက်သို့တိုးကာ၀င်လာလေသည်။
ထို့နောက် ဆေးစာအုပ်အားပြကာ ဆေး၀ယ်လို့နေသည်။

"မနေ့က ညီမလေးမလား"

Nurseတစ်ယောက်မှ သူမအားမှတ်မိဟန်ဖြင့် စကားစလာ၏။

"ဟုတ်..ဟုတ်တယ်...မာမီကဆေးလာ၀ယ်ခိုင်းလို့လေ"

"ဒေါက်တာနဲ့တွေ့သွားဦးမလား လူနာသိပ်မရှိတော့ဘူး"

"အဲ့ဒေါက်တာစွာတေးနဲ့တော့မတွေ့ချင်ပါဘူး အစ်မရယ် အစွာခံရမှဖြင့်..."

ထိုသို့ပြောချိန်တွင်nurseမှရယ်လာပြန်သည်။
လိုအပ်သောဆေးများ၀ယ်ကာ ဆေးခန်းမှထွက်လာလေသည်။မထွက်မီ ဒေါက်တာစွာတေး၏အခန်းသို့လှမ်းကြည့်လိုက်မိသည်။ ထို့နောက် ခေါင်းခါစွာဖြင့်...။

"ဒီဒေါက်တာက ငါ့ကိုပဲစွာတာထင်တယ်...."

                               ☁️☁️☁️

"ဟယ်လို အစ်မ..."

"ပြောလေ နွေ ထူးထူးဆန်းဆန်းနေ့လည်ဘက်ကြီး
အရေးကြီးကိစ္စရှိလို့လား..."

အိမ်ပြန်ရောက်ပြီး ၁လပင်ရှိလေပြီ။ထိုတစ်လအတွင်းတွင် နွေတို့တစ်ပတ်၂ခါလောက်တော့ဖုန်းပြောဖြစ်ကြသည်။သိပ်တော့မကြာပါ။၂ယောက်လုံးကညပိုင်းမှအားကြသည်မို့ ညဘက်ရာက်မှသာပြောဖြစ်ကြ၏။အများဆုံးပြောဖြစ်သည်မှာ နာရီ၀က်သာဖြစ်မည်ထင်သည်။

သို့သော် ထိုအချိန်တို့တွင် နွေပျော်မိပါ၏။မသိစိတ်ကပျော်သည်လား။သိစိတ်ကပျော်သည်လားနွေမသိပါ။အဓိက က အစ်မဟူသောနာမ်စားက ခေါ်ခွင့်ရချိန်တွင် ခေါင်းလောင်းသံကဲ့သို့မြည်လာသော ဘယ်ဘက်နှလုံးသားတစ်စုံကြောင့် ပျော်ရွှင်မှူအားခံစားရသည်ဖြစ်လိမ်မည်။
သို့သော်ထိုပျော်ရွှင်မှုဟာ မည်သည့်အရာဖြစ်သည်ကိုနွေအဖို့ဝေခွဲမရဖြစ်နေသည်။

You've reached the end of published parts.

⏰ Last updated: May 10 ⏰

Add this story to your Library to get notified about new parts!

မြတိမ်ညိုWhere stories live. Discover now