Mr. Manndarazen { 4 }

1.2K 29 44
                                    

တလှုပ်လှုပ် ယိမ်းနေသည့်
ဖယောင်းတိုင် မီးလေး အကြား
ကောင်ငယ်လေး မျက်နှာရှင်းရှင်းက တလဲ့လဲ့ ပေါ်နေ၏။

လူတွေ စုံနေသည့် ပါတီမှာ စားသောက်ဖွယ် အစုံစုံက စားပွဲ အပြည့်။ အချို စားချင်သည့် စိတ်နှင့် သီးစုံပွဲက စပျစ်သီးလေး တစ်လုံး သူ ဝါးစားကြည့်သည်။ ချဉ်စုတ်စုတ် အရသာကြောင့် ပြူးပြီးသား မျက်လုံးတွေတောင် မှေးကျဉ်းကုန်၏။

"ထွီ . . ချဉ်စုတ်နေတာပဲ"

ပါးစပ်ထဲ ရောက်ပြီးသား အသီးကို ဖွီခနဲ ဖန်ခနဲ သူ ထွေးထုတ်ပစ်သည်။ အခွံက မြက်ခင်းပေါ် ကျ၏။ နှုတ်ခမ်းကို လျှာနှင့် သပ်ပြီးနောက် မေးလက်စ အင်တာဗျူးကို ပြန်ဆက်ရသည်။

"ဆိုတော့ . . သခင်လေး နှစ်ပါးမှာ မင်းတို့ သဘောကျတာ ဒေးဗစ်ပေါ့လေ"

"ဟုတ်ပါ့ရှင့်၊ ဟုတ်ပါ့၊ သခင်လေး သဘောကောင်းချက်က . . တော်ဝင်မျိုးနွယ်တွေချည်း တက်ရောက်တဲ့ နှစ်သစ် စားတော်ပွဲကြီးမှာတောင် . . ကျွန်မတို့လို မလောက်လေး မလောက်စား အစေခံတွေကို . . သီးသန့် နေရာ ပေးပြီး ပါတီပွဲ လုပ်ပေးထားတာပဲ ကြည့်တော့"

"ခစ်ခစ် . . ချစ်ဖို့ ကောင်းချက်နော်"

အစေခံ ကိုယ်စီ ဝိုင်းထိုင်နေသည့် အသေးစား ပါတီလေး အလယ်မှာ ခီရာဆောင်း ထိုင်နေသည်။ ပျိုးဥယျာဉ်ခြံက ချောင်ကျကျ ထောင့်တစ်နေရာမှာ သူတို့တွေ ရှိနေတာ။

ခြံလယ် ကျင်းပနေသည့် ဇန်ဒ္ဒရာ စားပွဲတော်ကြီးကဖြင့် ကြီးကျယ် ခမ်းနားလို့ . . ။ တော်ဝင် အသိုင်းအဝိုင်း ပေါင်းစုံ တက်ရောက်လာပြီး ရဲတိုက်မှာ ကပွဲ ဆင်နေသည်။ ညပိုင်း အလွန်မှ ပျိုးခြံထဲ ဆင်းပြီး စားတော်ပွဲ ကျင်းပမှာ။

"ဟဲ့ဟဲ့ . . အဲ့ဒါ တော်ဝင် မင်းသမီး ဆိုဖီယာ မဟုတ်လား"

"ဟုတ်တယ်ဟ၊ လှလိုက်တာ . . လှလိုက်တာနော်"

ပါတီပွဲ တက်လာသည့် ဧည့်သည်တိုင်းကို အစေခံတွေ လိုက်ကြည့်ပြီး စပ်စပ်စုစု တွတ်ထိုးကြသည်။ စိတ်မဝင်စားသည့် ခီရာက စားပွဲပေါ် ရှိသမျှ ဟင်းပွဲတွေ အကုန် တို့ခနန်း ဆိတ်ခနန်း မြည်းနေ၏။

Mr. ManndarazenWhere stories live. Discover now