Chapter 1

32 2 0
                                    

England နိုင်ငံရဲ့ ညချမ်းတစ်ခုမှာ လသာဆောင်ပေါ်က ထိုင်ခုံအလှလေးတွေမှာထိုင်ရင်း လသာသာ ၊ကြယ်ရောင်ဖြောက်ဖြောက်ကလေးတွေကိုကြည့်ရင်း 'ဟေမီကို'တစ်ယောက် မနက်ဖြန်မနက် ဖြေရမယ့် အလုပ်အင်တာဗျူးအတွက် ပြင်ဆင်နေတယ်။
"မမဟေမီ မမဟေမီ"
ဟေမီအသံကြားရာ လှည့်ကြည့်လိုက်တော့ ခရမ်းရောင်မျက်လုံးပိုင်ရှင်လေးဖြစ်တဲ့ သူမရဲ့ ညီမလေး'ဆယ်ရီကို'က အပြာနဲ့အဖြူ mix colour dress ကိုဝတ်ဆင်ထားတာတွေ့လိုက်ရတယ်။ဟေမီအနည်းငယ် ပြုံးမိတယ်။
"မမ သမီးလှလား?"
"လှလိုက်တာ ဆယ်ရီရယ် ဒါမနေ့က ဝယ်လာတဲ့ ဂါဝန်လေးမလား ညီမလေးက ဒါလေးနဲ့လိုက်တယ်"‌
ဟေမီလည်း ဆယ်ရီ့ကိုကြည့်ပြီး အားရပါးရ ပြောလိုက်တယ်။
"မအိပ်သေးဘူးလား"
"မမကရော မအိပ်သေးဘူးလား"
"မမက မနက်ကျရင် အလုပ်အင်တာဗျူးဖြေရမှာလေ အိပ်လို့ မရသေးဘူးလေ ညီမလေးက အိပ်လို့ ရတယ်လေ တော်တော်ညဉ့်နက်နေပြီ သွားအိပ်တော့နော် မနက်ကျရင် ဆယ်ရီလည်းကျောင်းသွားရဦးမယ်လေ  နော်"
"ဟုတ်ကဲ့ မမ good night နော်"
"အေး အေး"
ဆယ်ရီအိပ်သွားပြီး တစ်နာရီလောက်နေတော့ ဟေမီလည်း အိပ်ရာဝင်ခဲ့တယ်။
မနက်မိုးလင်းစပြုလာပြီ။ England မှာနေထွက်တာက မြန်မာနိုင်ငံက နေထွက်တာထက် ပိုလှသည်ကို ဟေမီ အခုမှမြင်ဖူးသည်။ဟေမီ ဆယ်ရီ့အခန်းထဲကိုဝင်သွားပီး...
"ဆယ်ရီလေး ထတော့လေ ကျောင်းသွားရဦးမယ်လေ လာ ထ မမနဲ့ မျက်နှာသစ် ၊သွားတိုက်ရအောင် ပြီးရင် မနက်စာစားပြီး ကျောင်းသွားမယ် ထတော့နော် မထရင် ထားခဲ့မှာ"
ဆယ်ရီ အိပ်ယာထဲမှ ဝရုန်းသုန်းကား ထလာပြီးမျက်နှာသစ် ၊သွားတိုက်ပြီး မနက်စာစားကြတယ်။ စားပြီးတော့ YBSနဲ့ ကျောင်းကို ထွက်လာခဲ့ပြီး ဆယ်ရီ့ကို ကျောင်းမှာချပေးထားခဲ့ပြီး Luxury Star Companyကိုဆက်သွားတယ်။
Company ကိုရောက်တော့အင်တာဗျူးစစ်မယ့် လူကြီးနှစ်ယောက်က အသင့်စောင့်မျှော်လျက်...
"မိန်းကလေး ရောက်ပြီလား ထိုင်ပါ
ငါတို့ မင်းကိုစောင့်နေတာသိပ်မကြာသေးဘူး သိလား""ဟုတ်ကဲ့ ကျွန်မလဲ လူကြီးမင်းတို့ company မှာ လုပ်ခွင့်ရမိလို့ ဝမ်းသာပါတယ်ရှင့်"အထက်လူကြီးတွေလည်း သူတို့ရှေ့မှာထိုင်နေတဲ့ အသားဖြူဖြူ ၊ အရပ်ရှည်ရှည် နှင့် လှပသော မိန်းကလေးကို မြင်လိုက်သည်နှင့် သူမ ဘာအလုပ် ရလိမ့်မယ်ဆိုတာကို တန်းပြီးခန့်မှန်းမိကြသည် ။သို့သော် အတပ်မပြောနိုင်ကြ ခန့်မှန်းချက်‌လေလာက်သာ ရှိတာကြောင့် မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလို ဖြစ်မှာ စိုးရိမ်မိသောကြောင့်ပင်။

Vote လေးပေးသွားကြပါဦးနော် ။အကောင်ဆုံး ကြိုးစားနေပါတယ်။

💗My Lovely Crystal Queen 💗Where stories live. Discover now