Chapter 5

11 1 0
                                    

"Oh!she? she's my new.."
Alen ပြောပြနေစဉ်မှာဘဲ ဟေမီစားပွဲဝိုင်းမှထထွက်သွားသဖြင့် Alenလည်း
"Umm.Excuse me"
နောက်ကနေလိုက်သွားသည်...
အပြင်ရောက်တော့Alenကဟေမီ့လက်ကို လှမ်းဆွဲလိုက်ပြီး...
"Hey..ပြန်လာခဲ့ ..မင်းဘယ်သွားမလို့လဲ?"
"ကျွန်မ....ကျွန်မ..."
ရွှေရောင်ဆံနွယ်ပိုင်ရှင်လေးရဲ့ မိုးပြာရောင်မျက်ဝန်းတစ်စုံမှ မိုးစက်လေးများတစိမ့်စိမ့်ကျနေတာကို Alenတွေ့သွားတော့..
"မင်းဘာလို့ ငို..ငိုနေတာလဲ?"
Alenဟေမီ့ရဲ့ မျက်ဝန်းက မိုးစက်လေးတွေကိုသူ့ရဲ့ robber လကအိတ် အဖြူရောင် စွပ်ထားတဲ့လက်နဲ့ ခပ်ဖွဖွလေး သုတ်ပေးလိုက်ပြီး..
"Now tell me why are you cry"
(ကဲ အခု မင်းဘာလို့ ငိုတာလဲဆိုတာငါ့ကိုပြောပြတော့)
ဟေမီငိုတာရပ်လိုက်ပြီး...
"ကျွန်မကြောင့် ပြဿနာ တက်မှာစိုးလို့ပါ"
"ဟင် ဘာကိုပြဿနာတက်ရမှာလဲ?မင်းကို အခုမှသူတို့နဲ့ မိတ်ဆက်တုန်းရှိသေးတာလေ"
"ကျွန်မကတော့.."
ဟေမီ စကားမဆုံးခင်Alen သူမရဲ့လက်ကို ဆွဲပြီး ဆိုင်ထဲဝင်သွားခဲ့တယ်😳😳😳😳

............
After one and half..🕜🕜🕜

ရုံးခန်းကို နှစ်ယောက်သားပြန်လာခဲ့ကြပြီး.....
"မင်းပြန်ချင်ပြန်လို့ရပြီ"
"ဟုတ်ကဲ့"
"Ahhဒါနဲ့ မင်းနဲ့ငါ ဇာတ်လမ်းမပြီးသေးဘူးနော်😉😉"
ဟေမီပြန်ပြုံးပြပြီး ရုံးမှအိမ်သို့ပြန်လာခဲ့သည်...

ညလယ်လောက်ထိဟေမီမအိပ်သေးဘဲ အလုပ်ကြိုးစားနေသည် ရုတ်တရက် တက္ကသိုလ်မှာတုန်းက စာသင်ပြီးခနနားချိန်ဆို အဖော်လာပြုပေးခဲ့ဖူးသော သူမရဲ့ အချစ်ဦးဆီသို့ အတွေးရောက်သွားသည်😔😔
သူမလည်း စိတ်နှစ်၍ ထိုအမှတ်တရများကို ပြန်လည် စဉ်းစားနေသည်
_________________________________________
မြန်မာနိုင်ငံမှာတော့....
"ဒေါက်တာ ထက်မြတ် ဆေးရုံအုပ်ရုံးခန်းကို ခနလာခဲ့ပေးပါ"

"ဟုတ်ကဲ့ ဘာပြောစရာရှိလို့လဲခင်ဗျ"
ကြည်လင်တောက်ပတဲ့ မျက်မှန်တစ်စုံနဲ့ ထက်မြတ်ကိုကြည့်နေသော ဆေးရုံအုပ်က...
"ဒေါက်တာ နိုင်ငံခြားကို V.I.Pလူနာတစ်ယောက်ကို ကုသဖို့ သွားရမယ်"
"ဟုတ်ကဲ့ဗျ  ဘယ်နိုင်ငံလဲမသိဘူး?"
"England"
" ဪ ဘယ်‌ေလာက်ကြာမလဲဗျ?"
"Umm.အများဆုံး တစ်လလောက်ပေါ့ကွာ ဟိုမှာ မင်းသူငယ်ချင်းDr.မိုးကင်းလည်းရှိတယ် မင်းအတွက် သူအခန်းငှားပေးထားတယ်တဲ့"
မိုးကင်းဆိုသူမှာထက်မြတ်နှင့် ငယ်စဉ်ကတည်းကပေါင်းသင်းလာခဲ့သူဖြစ်ပြီး ခုချိန်ထိ သူတို့ သူငယ်ချင်းနှစ်ယောက်မှာ အလုပ်အကိုင်ကစ အတူတူဖြစ်သည်....
"ဒါနဲ့ ဘယ်တော့စသွားရမလဲဗျ"
"ဒီတစ်ပတ်အတွင်းပေါ့
နိုင်ငံကူးလက်မှတ်က ငါတို့က ထုတ်ပေးမယ်
ဗီဇာနဲ့ တခြားကုန်ကျစရိတ်တွေကတော့ မင်းဘဲခံပေါ့ ကဲသွား ခနနေရင် လိုအပ်တာတွေသွားပြင်ဆင်တော့ ကိုယ်က ready ဖြစ်နေရင်ပိုကောင်းတာပေါ့"‌
"‌ဟုတ်ကဲ့ဗျ"
ထက်မြတ်မကြာခင် ခရီးသွားရတော့မယ့် သတင်းကိုကြားတော့ သူ့ရဲ့ဆေးရုံမှာ ကျန်ခဲ့တဲ့လုပ်ဖော်ကိုင်ဖက်တွေက နည်းနည်း ဝမ်းနည်းသွားကြတယ် ...သူတို့ရဲ့ ဆေးရုံမှာ ထက်မြတ်က အတော်ဆုံးဆရာဝန်ဆိုတော့...
"ကဲပါကွာ မင်းတို့ကလည်း...
ငါက အဲ့ဒီမှာ တစ်သက်လုံးနေသွားမှာမှ မဟုတ်တာကွ တစ်လဘဲသွားပြီးပြန်လာမှာဥစ္စာကို မင်းတို့ကငါ့ရဲ့ Best friendဘဲကို မင်းတို့ကိုငါ ပစ်မထားရက်ပါဘူးကွာ don't cry my friends "ထက်မြတ် သူ့friendတွေကို နှုတ်ဆက်ခဲ့ပြီး airport ကို ဗီဇာလျှောက်ဖို့ ထွက်သွားခဲ့တယ်.....

Vote လေးပေးခဲ့ကြပါဦးနော် 🤗🤗
ဆက်လက်ကြိုးစားနေပါတယ်😉😉

💗My Lovely Crystal Queen 💗حيث تعيش القصص. اكتشف الآن