လရောင်အောက်မှာပွင့်လန်းနေတဲ့အဖြူရောင်ပန်းလေးပမာ အေးချမ်းစွာလှပလွန်းသူလေးသည် နေရောင်လာမည်ကို စိုးရွံ့နေဟန်ရှိ၏။တောင်အမြင့်မှတည်သည့် မှိန်ဖျဖျဝန်းကျင်အမြင်ဟာ ဆောင်းဥတုရဲ့လေအေးများနဲ့အဖော်ပြုကာ အလွမ်းဓာတ်ခံတစ်ခုခုကိုဖြစ်တည်ဖို့ရာလုံလောက်နေတယ်။
ညကောင်းကင်ယံက ဟိုကျွန်သည်ကျွန်း ယွန်းလှည့်နေသော စန္ဒာယုန်မင်းအတွက်ပျော်စရာကောင်းပေသည်လား။ဒီလိုပင် လူသားတို့က အချစ်ဆိုသောအရာအတွက် အမှောင်ထုထဲတိုးဝင်သလိုစမ်းတဝါးဝါးနှင့်ဖြစ်သော်လည်း ခုံမင်မွေ့လျော်နေခြင်းက သဘာဝရဲ့ဓလေ့တစ်ခုမို့ အပြစ်မဆိုလိုပါ။
"အပြင်မှာလေတွေတိုက်နေတယ်လေ ဘာလုပ်နေတာလဲ"
"ဘာမှမလုပ်ပါဘူးအကို ဒီအတိုင်းလေး ရောက်တတ်ရာရာတွေးမိနေတာပါ"
"အေးနေတဲ့ရာသီမို့နေမကောင်းဖြစ်လွယ်တယ် အထဲဝင်ရအောင် ဒီမှာကော်ဖီ ပူပူလေးယူလာပေးတယ် သောက်လိုက်"
သူရောကိုယ်ပါသောက်ဖို့ယူလာတဲ့အထဲက တစ်ခွက်ကိုယူပြီး ပူနေဆဲမို့ခနထားကာ တစ်ငုံသောက်ကြည့်လိုက်ရာမှာတော့ ရင်းရင်းတစ်ယောက် သီးသွားတော့တယ်။အရမ်းခါးလွန်းနေတဲ့အရသာကြီးက အချိုကြိုက်တဲ့သူ့အတွက်တော့အဆင်မပြေလှပါ။
"ရရဲ့လား ကော်ဖီကပူနေသေးလို့ထင်တယ်"
"ဘာမှမဖြစ်ပါဘူး ရင်းကအခါးမကြိုက်လို့ပါ ထွေးမထုတ်ချင်လို့ မြိုချလိုက်တာရယ်"
"sorry မင်းအကြိုက်ကိုမမေးပဲ ကိုယ်နဲ့အတူပဲဖျော်လာမိသွားတယ် အသစ်ပြန်ဖျော်ပေးမယ်လေ ချိုတာလေးပေါ့"
"ရပါတယ် မသောက်တော့ပါဘူး ကော်ဖီသိပ်မသောက်တတ်လို့ပါ ဒါနဲ့ အကိုကအခါးကြိုက်တဲ့ပုံပဲနော်"
"ဟုတ်တယ် ကိုယ့်အတွက်တော့ ခါးတဲ့အရသာကအကောင်းဆုံးပဲ"
အသိအမှတ်ပြုတဲ့သဘောအနေနဲ့ ခပ်ပြေပြေလေးခေါင်းအသာငြိမ့်ပြလိုက်ပြီး ရင်းရဲ့ တစ်ဖက်ကုတင်ပေါ်ကိုသွားလှဲနေလိုက်တယ်။ကုတင်တစ်လုံးစီပေမယ့် တစ်ခန်းထဲဆိုတဲ့အသိကနည်းနည်းတော့ ရင်တုန်စရာကောင်းတယ်။
YOU ARE READING
ပင်လယ်ပြာရဲ့တိမ်တိုက်ငယ်(Completed)
Fanfictionအချို့သောဆက်ဆံရေးတွေကခေါင်းစဉ်တပ်ပြီးဖော်ပြတာထက်ပိုပြီးလေးနက်တာကြောင့် အန္တရာယ်များတဲ့လူတွေကိုထုတ်ပြောပြတာထက် ကိုယ်တို့၂ဦးပဲသိနေရင်လုံလောက်တယ်မဟုတ်လား ဆုံးရှုံးရမှာကိုသိပ်ကြောက်လိုပါ~ crd cover u_not_me