မှိန်ပျပျအလင်းရောင်နဲ့ သာမန်လူနေမှုပုံစံပရိဘောဂတွေနဲ့မတူစွာ ဆန်းကြယ်လှသောပစ္စည်းတွေနဲ့ပြည့်နေတဲ့ အခန်းတစ်ခုကို ရင်းရင်းရောက်နေခဲ့တယ်။ဟိုကြည့်သည်ကြည့်နဲ့ အေးစက်စက်အငွေ့အသက်များက ကြက်သီးများပင်ထစေသည်။
ခြေသံခပ်ဖွဖွကြောင့်သူတွေ့ဆုံရမယ့်သူရောက်လာပြီဆိုတာသိလိုက်တာကြောင့် ငြိမ်ငြိမ်လေးသာနေလိုက်တယ်။သူတွေ့ရမယ့်သူက အသက်အတော်ကြီးနေပြီဖြစ်တဲ့အဖွားတစ်ယောက်၊သို့သော်သန်မာတုန်းပင်။
အတိအကျပြောရရင်တော့ လူတို့ရဲ့ အတိတ်အကြောင်း၊ဆက်နွယ်မှုအကြောင်းတွေကိုသိမြင်နိုင်စွမ်းရှိတဲ့တမူထူးသူပေါ့။သူနဲ့သိခွင့်ရဖို့ကလည်း ဖြူစင်တဲ့သူတွေသာအခွင့်ရှိတာမို့ ထိုအဖွားကမိမိပညာရပ်နဲ့မကောင်းတဲ့လမ်းစဉ်ကိုလျှောက်တာမျိုးလုံးဝမရှိပေ။
"သိပ်ကိုလှတာပဲနော် လူရော စိတ်ရော ဒါဆို ငါ့မြေးက အနှောင့်ဓာတ်တစ်ခုခုရှိလို့ဒီရောက်လာတာပဲဖြစ်ရမယ်"
"ဟုတ်ကဲ့ ရင်းမှာအမျိုးသားတစ်ယောက်နဲ့အရမ်းလေးနက်တဲ့ ဆက်နွယ်မှုမျိုးရှိခဲ့ပါတယ် အဲဒါကိုဖြတ်တောက်ချင်လို့ဒီကိုလာခဲ့တာပါ"
"စိတ်ဝိညာဉ်လက်ထပ်ခြင်းမဟုတ်လား ဒါကိုဖြတ်တောက်ဖို့ဆိုတာ မြေးမကြိုက်လို့ထက် ချစ်ကြိုးတွေရဲ့နာကျင်မှုဒဏ်ကိုမခံစားနိုင်လို့မဟုတ်လား"
တကယ့်ကိုအမှန်ပါပဲ။တစ်ဖက်သက်လိုဖြစ်နေပေမယ့် တစ်ဖက်သတ်လို့ပြောလို့မရတော့တဲ့အခြေအနေကြီးကိုရင်းအနေနဲ့ခံနိုင်ရည်မရှိတော့ဘူး။
သူအကို့ကိုအများကြီးသဘောကျတာထက်အလွန်ချစ်နေမိပြီး အချိန်တိုင်းလွမ်းနေရတယ်။အကိုလည်းရင်းအပေါ်အခြားခံစားချက်ရှိမရှိမသိပေမယ့် ရင်းကိုတော့လိုအပ်မှာပဲ။
ဒါပေမယ့်အကိုကလေ သိသိရက်နဲ့ အခြားသူတစ်ယောက်ကိုပဲရွေးချယ်နေခဲ့တာ။ဒီလမ်းကရှေ့ဆက်ဖို့အဆင်မပြေတော့တာကြောင့် ဒါတွေအားလုံးကိုရပ်တန့်ပစ်ချင်ပြီ။အကို့ကိုမတွေ့ခင်ကအချိန်လို အရာရာအဆင်ပြေနေကြတဲ့နေ့ရက်မျိုးတွေပြန်ရဖို့ နည်းလမ်းတစ်ခုရှိနိုင်မလားဆိုပြီး ရောက်လာခဲ့တာ။
YOU ARE READING
ပင်လယ်ပြာရဲ့တိမ်တိုက်ငယ်(Completed)
Fanfictionအချို့သောဆက်ဆံရေးတွေကခေါင်းစဉ်တပ်ပြီးဖော်ပြတာထက်ပိုပြီးလေးနက်တာကြောင့် အန္တရာယ်များတဲ့လူတွေကိုထုတ်ပြောပြတာထက် ကိုယ်တို့၂ဦးပဲသိနေရင်လုံလောက်တယ်မဟုတ်လား ဆုံးရှုံးရမှာကိုသိပ်ကြောက်လိုပါ~ crd cover u_not_me