☘️ Chapter 11

437 37 0
                                    

☘️ Chapter 11

သူ့အစ်ကို ဖုန်မျိုးရိုးကို သူ့ကိုဂရုစိုက်ပေးဖို့တောင်းဆိုလိုက်တာက ဖန့်ကျင့်ကျိုက်သည်ငွေကြေးအ ကြောင်းဘာမှမသိတဲ့အတွက် ငွေရှင်းတဲ့ကိစ္စတွေကို ဖုန်ရုန်ချန်ဆီကိုတွန်းပို့လိုက်တာပဲလေ။ သူတို့အားလုံးက သူ့ကို “ရွှေပေသီး” လို့မခေါ်ကြလို့လား ? သူ့မှာ ခိုင်းလို့ရတဲ့အရည်အချင်းရှိနေမှ တော့ အဲ့လိုလူကိုမခိုင်းရင် ဝက်တစ်ကောင်ဖြစ်သွားမှာပေါ့။

“ငါ စာရင်းတွေကို လိမ်ညာတာမျိုးလုပ်မှာကိုမကြောက်ဘူးလား”

ကုတင်ပေါ်တွင်ဒူးထောက်နေသော ဖန့်ကလက်များကိုဝှေ့ယမ်းလိုက်ပြီး

"တကယ်လို့ အရေးကြီးတဲ့စာရင်းတစ်ခုသာဆို သူ့လည်ပင်းကိုဓားနဲ့ခြိမ်းခြောက်ရင်တောင် ငါ့အစ်ကိုကြီးက ငါ့ကို လာခွင့်ပြုမှာမဟုတ်ဘူး..."

ပြောပြီးသည်နှင့် စောင်ကိုပွေ့ဖက်ကာ 'ထနိုင်ရင် ငါကိုယ်တိုင်ပဲသွားလိုက်မယ်..'

သူ့နောက်က တံခါးပိတ်သံကိုကြားတော့ ခြေလှမ်းတွေက လုံး၀ပျောက်ကွယ်သွားတဲ့အထိဝေးကွာသွားခဲ့တယ်… ဖန့်ကျိုက်ကျင့်က တံခါးကိုလှမ်းကြည့်ရင်း မှိတ်တုတ်မှိတ်တုတ်ပြုံးပြီး ထထိုင်ဖို့ လှိမ့်ဆင်းကာ သူ့ကြည့်ရသည်မှာအစောကလောက်အားနည်းနေသည့်တဲ့ပုံမပေါ်ချေ။

ရာသီဥတုကကောင်းနေတယ်။ ကောင်းကင်ပြာပြာ ရယ် တောင်တန်းတွေရယ် ရေထဲမှာငါးတွေ ကူးခတ်နေပြီး ရေပေါ်မှာ လှေတွေလှော်နေကြတယ်။

တည်းခိုခန်းမှထွက်လာပြီးနောက် ဒုတိယသခင်‌ လေးဖန့်သည် ချင်းဟွိုက်မြစ်သို့ချက်ချင်းသွားကာ ကမ်းတွင်ဆိုက်ကပ်ထားသော အကြီးဆုံးသင်္ဘောကိုကောက်ကိုင်ကာ သင်္ဘောပေါ်ဖြည်းညှင်းစွာ လျှောက်လာရာ ပြည့်တန်ဆာခေါင်းက သူ့ထံလျှောက်လာကာ အားရပါးရကြိုဆိုလိုက်ပြီး

“ဒီကသခင်ကြီး၊ ကောင်မလေးတွေက အနားယူ နေကြပါတယ် သခင်ကြီး နောက်မှပြန်လာလိုက်ပါလား"

ဟ ! တစ်ကယ်ကိုပဲ ဆယ်မိုင်ချင်းဟွိုက်ရဲ့သဘော ထားက ရဲတင်းလောက်ပါပေတယ်။

သောက်ရာမှ တရေးနိုးပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now