part 28 end

130 11 4
                                    

မြူနှင်းဝေနေတဲ့မနက်တစ်ခုမှာ ဖိုးဥ နိုးလာခဲ့တယ်။ ၆ နာရီကျော်ကျော်သာရှိသေးပေမဲ့ ဘေးတွင်ဝေယံမရှိ။

မီးဖိုခန်းထဲရောက်နေလားတွေးရင်း ထွက်ခဲ့လိုက်တော့ ထင်တဲ့အတိုင်း မီးဖိုခန်းထဲမှာ မနက်စာပြင်ဆင်နေပြီ။

ဒီအိမ်ကိုရောက်ကတည်းက မနက်ဆိုရင် ဝေယံက သူ့အတွက်မနက်စာပြင်ပေးတက်တယ်။ ကျောင်းလွယ်အိတ်ကအစ အချိန်စာရင်းနဲ့ကိုက်ပြီး သူ့အတွက် မမေ့မလျော့ပြင်ဆင်ပေးသေးတာ။

မနက်စာစားပြီးတဲ့အခါ သူက ကျောင်း၊ ဝေယံက သင်တန်း အသီးသီးသွားကြပြီး သူအတန်းပြီးရင် ဝေယံက ကြိုဖို့အသင့်ရောက်နေတက်တယ်။

အရမ်း‌သဘောကျမိပေမဲ့ အရင်အပတ်က ကိစ္စအပြီးမှာ ဘာရယ်မသိ သူ့စိတ်ထဲလေးလံလာတယ်။ မြတ်နိုးနဲ့ဝေယံတို့နှစ်ဦးကြားထဲ ဘာမှမရှိတော့တာ သူမြင်နိုင်ပေမဲ့ သူ့စိတ်ထဲလေးနေတုန်းပဲ။

ထိုနေ့တုန်းကတော့ ဝေယံ့ကို သူစိတ်ဆိုးမိတယ်။ ဒါပေမဲ့ ထိုကိစ္စကလည်း အကြောင်းမတိုက်ဆိုင်လို့ မြတ်နိုးက ဝင်ပါခဲ့ရတာအပြင် ဝေယံကလည်း သူ့ကိုသေချာရှင်းပြထားပြီးသား။ သူကိုယ်တိုင်လည်း နားလည်ကြောင်းပြောခဲ့တာပဲ။

တကယ်တမ်းကျ သူ့စိတ်ထဲတနုံ့နုံ့နဲ့ အတွေးဆိုးတွေပဲဝင်လာနေတယ်။ ဝေယံသာ သူ့ကိုငြီးငွေ့သွားရင်၊ မဟုတ်လည်း နောက်တစ်ယောက်တွေ့သွားခဲ့ရင် သူ ဘယ်လိုများလုပ်ရပါ့မလဲလို့။

ဘယ်တုန်းကစပြီး ဝေယံ့အပေါ် အခုလောက်တွယ်တာသွားမှန်းမသိပေမဲ့ အနားမှာဝေယံမရှိတော့ရင်ဆိုတာမျိုးတွေးမိတဲ့အခါ ရင်ဘတ်အောင့်တယ်။

“နိုး‌ပြီလား”

အပေါက်ဝမှာ ငူငိုင်ငိုင်ရပ်နေမိတဲ့သူ့ကို ဝေယံကမြင်သွားပြီးပြုံးပြတယ်။

သူလည်းခေါင်းညိတ်ရင်း အပြုံးဆောင်လိုက်တဲ့အခါ အနားရောက်လာတဲ့ဝေယံက သူ့ပါးအားတချက်နမ်းတယ်။

“ဗိုက်ဆာနေပြီလား ခဏပဲစောင့် ရတော့မှာ”

ပြင်ဆင်လက်စတွေကိုသူမြင်ပြီးသားမို့ ခေါင်းညိတ်လိုက်တယ်။

Light up my nightWhere stories live. Discover now