(၅၈)

3.6K 557 26
                                    

{Unicode}

အခန်း (၅၈)

" သူ သဘောမတူဘူး တဲ့ "

အိမ်အပြန်လမ်းတွင် တင်းယိနန်သည် ဆုရုပ်ထုကို လက်ဖြင့် အသာကိုင်ကြည့်နေရင်း တည်ငြိမ်သည့် အမူအရာဖြင့် ပြောလိုက်သည်။

" ပြီးတော့ရော "

ဟော့ကျိရှောင်းသည် ရှေ့ကိုသာ တည့်တည့်ကြည့်ပြီး ကားမောင်းနေရင်းက ပြန်မေးသည်။ မျှော်လင့်ထားပြီးဖြစ်သည့်အလား မျက်နှာအမူအရာက မည်သည့် ပြောင်းလဲမှုမှ ရှိမနေ။

" မရှိတော့ဘူး "

တင်းယိနန်က ရုပ်ထုကို ပြန်ချထားလိုက်ပြီး

" သဘောမတူနိုင်ဘူးလို့ပဲ ပြောတယ် "

ခွေးမွေးဖူးသူတိုင်း သိထားရမည်မှာ ခွေးကို လေ့ကျင့်ပေးခြင်းသည် နည်းပညာပိုင်းဆိုင်ရာ အလုပ်တစ်ခုဖြစ်ကြောင်းကိုပင်။ အိပ်ရာပေါ် ဝင်မအိပ်ဖို့ရန် သို့မဟုတ် စားပွဲခုံများကို ကုတ်ခြစ်ခြင်းမပြုရန် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သင်ကြားပေးပြီးဖြစ်သော်လည်း အချို့သော ခွေးများသည် နာခံမှုမရှိဘဲ လူ လစ်လျှင် လစ်သလို စည်းကမ်းဖောက်ဖျက်တတ်ကြသည်။

နောက်ပိုင်းတွင် သင်သည် စည်းကမ်းတင်းကျပ်မှု ​တဖြည်းဖြည်း လျှော့နည်းလာကာ တခါတလေ အိပ်ရာပေါ် တက်ခွင့်ပြုလိုက်ပြီး ရံဖန်ရံခါ သင် အစာစားနေတုန်းအူမှာပင် အရိုးတစ်ချောင်းမျှ ပစ်ကျွေးလိုက်မိသေးသည်။ ထိုသို့ ပြုမူလိုက်ချိန်ကစ၍ သင့်စိတ်ထဲတွင် ဤခွေးသည်ကား ထိန်းကျောင်းပြုပြင်လို့ မရတော့ဟူသည့် အတွေးဝင်နေပြီဖြစ်သည်။

ဟော့ရှင်းသည်လည်း ထို့အတူပင်။ သူသည် ဟော့ကျိရှောင်းအား မည်သို့မှ မထိန်းချုပ်နိုင်တော့မှန်း သဘောပေါက်သွား၏။

လူတစ်ယောက်သည် စိတ်ကို လျှော့ချလိုက်သည်နှင့် တပြိုင်နက် နောက်တဖန်ပြန် အားပြန်တင်းနိုင်ဖို့ရာ အလွန်ခက်ခဲသွားသည်။ ဟော့ရှင်းသည် ဟော့ကျိရှောင်းအပေါ် ဖိအားပေးသည့် ပုံစံကိုသာ အမြဲကျင့်သုံးခဲ့သည်။ ဤသည်က အကျိုးသက်ရောက်မှု မကောင်းရုံသာမက သားအဖကြား ဆက်ဆံရေးကိုလည်း ပိုမို တင်းမာစေခဲ့သည်။ နောက်ပိုင်းတွင် ဟော့ရှင်းသည် ရိုးရှင်းစွာပင် ထိန်းကျောင်းမှုပုံစံ ပြောင်းလဲခဲ့ပြီး တင်းယိနန်ကို သိုးထိန်းသဖွယ် ကြားခံကာ လုပ်ဆောင်ခိုင်းတော့သည်။ ရလဒ်အနေဖြင့် ဟော့ကျိရှောင်း၏ ဒီဇိုင်းတွေသည် ယခင်အဆင့်သို့ ပြန်လည်ရောက်ရှိလာပြီး သားအဖကြားဆက်ဆံရေးသည်လည်း ပြေလျော့သွားခဲ့သည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now