အခန်း၉။ ခန္ဓာကိုယ်ကျင့်ကြံခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်သို့ ကျော်ဖြတ်၍ ရှေးဟောင်း

375 20 0
                                    

ကျန်းဖျင်သည် သူ့လက်ကို ရေပုံးထဲသို့ထည့်လိုက်သည်။ အပူချိန်က အနေတော်ပင်ဖြစ်သည်။

ထို့နောက် သူသည် မွေးရာပါ ချီစွမ်းအင်အဆင့်မြှင့်တင်ရေးဆေးရည် တစ်ပုလင်းလုံးကို ရေနွေးထဲသို့ လောင်းထည့်လိုက်သည်။

ဤမွေးရာပါ ချီစွမ်းအင် အဆင့်မြှင့်တင်ရေး ဆေးရည်သည် အစိမ်းရောင်အရည်ဖြစ်သော်လည်း ဆေးရည်ကို ရေထဲသို့လောင်းချလိုက်သည့်အခါရေနှင့်တသားတည်းကျကာ ကြည်လင်သွားသည်။

ကျန်းဖျင် အံ့အားသင့်မိသည်။

"ဝိန်အာရေ အဆင်သင့်ဖြစ်ပြီ။ သမီးရေ..."

ကျန်းဖျင်၏ စကားမဆုံးခင်မှာပင် ဝိန်အာက ရေထဲသ်ို့ ဝုန်းကနဲခုန်ဆင်းလိုက်သည်။ ဘောင်ဘင်ခတ်သွားသောရေများကြောင့် ကျန်းဖျင်၏ ကိုယ်တပိုင်းမှာ ရွဲရွဲစိုသွားသည် ။

"ဟားဟား!"

စိုရွဲနေသောကျန်းဖျင်ကို ကြည့်ရင်း မိန်းကလေး သုံးယောက် တခစ်ခစ်ရယ်‌နေကြသည်။ သူ့သမီးသုံးယောက် လှိုက်လှိုက်လှဲလှဲရယ်မောနေသည်ကို မြင်လိုက်ရတော့ ကျန်းဖျင်ရင်ထဲမှ ဖြစ်တည်စဒေါသများပင် ချက်ချင်းအငွေ့ပျံသွား‌ရသည်။

ကျန်းဖျင်လည်း ရယ်မောလိုက်သည်။ ခါးသီးမှုလေးနည်းနည်းတော့ပါသည်။

*ဟူး... ကူကယ်ရာမဲ့အဖေအိုကြီးတယောက်ရဲခံစားချက်အတိုင်းပါပဲလား။*

ယန်အာနှင့် လျှိုအာတို့၏တိုးတက်မှုသည် ဝိန်အာနှင့်နှိုင်းယှဉ်ပါက များစွာနှေးကွေး‌သည်။ ကျန်းဖျင်သည် ဤကွာဟချက်ကို အခွင့်ကောင်းယူကာ ကျန်သမီးနှစ်ယောက်ကို စိတ်အားထက်သန်အောင် သင်ကြားပေးနိုင်ခဲ့သည်။

အမှန်ပင်။ ဝိန်အာကို ကျန်းဖျင် စံပြအနေနှင့် ထားလိုက်သည်။

"ယန်အာ လျှိုအာ မင်းတို့အစ်မဆီက သင်ယူရမယ်။ "

"ကြည့်စမ်း၊ မင်းတို့အစ်မက နာမ်ခန္ဓာပျော့ပြောင်းစေခြင်းကျင့်စဉ်ကို ချက်ချင်းတတ်သွားပြီ "

“မင်းတို့အားလုံးက ဉာဏ်ကောင်းပြီးသားပဲ။ သင်လည်း မြန်မြန်ဆန်ဆန် သင်ယူနိုင်မယ်ဆ်ိုတာ ‌ဖေဖေသိတယ် ”

"သမီးတို့ရဲ့ဖေဖေက ဒဏ္ဍာရီလာကျင့်ကြံသူတစ်ယောက်တဲ့(ကျန်းဖျင်)"Where stories live. Discover now